ခန္တီးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ စိစစ်ရွေးချယ်

ခန္တီး  သြဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ခန္တီးမြို့ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ညွန့်က အဖွင့်အမှာစကား ပြေကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဝင်းမောင်က လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ စိစစ်ရွေးချယ်ခြင်းအတွက် ဆောင်ရွက်ရမည့် ဥပဒေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုးတင့်က စိစစ်ရွေးချယ်ခြင်း ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရမည့် ပုံစံများအား ရှင်းလင်းပြေကြားပြီး ဟုမ္မလင်းမြို့နယ်မှ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ရွေးချယ် ကာ ခန္တီးမြို့နယ်မှ အမည်စာရင်းတင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စိစစ်ရွေးချယ်မည်ဟု သိရသည်။ ခန္တီးခရိုင် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲတွင် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းထားသူများမှာ ၅၀ ဦးရှိကြောင်း သိရသည်။

ချန်လော (ခန္တီး)