တနိုင်းမြို့နယ်ရှိ သမဝါယမဦးစီးဌာနရုံး ဆောက်လုပ်နေမှု (၉၀)ရာခိုင်နှုန်း ပြီးစီး

တနိုင်း သြဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သမဝါယမ ဦးစီးဌာနရုံး တည်ဆောက်ခြင်း လုပ်ငန်း (၉၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သမဝါယမဦးစီးဌာနရုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၄)ရက်နေ့က စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ယခုနှစ် လာမည့် စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် အဆောက်အဦမှာ အလျား(၄၀)ပေ၊ အနံ(၃၀)ပေနှင့် အမြင့်(၂၂)ပေ ရှိကာ ရေချိုးခန်း(၁)ခန်းနှင့် Toilet (၁)ခန်း ပါဝင်တည်ဆောက်ထားပြီး ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်(၆၈.၀၀၀)သန်းဖြင့် နောင်မွန်းဓနကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်းယဉ်ထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)