ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 11,2020
(၃၂)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အရာထမ်း၊အမှုထမ်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် အနွေးထည်များထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 10,2020
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝေးလံခေါင်ဖျားနယ်စပ်ဒေသများ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူတာအိုခရိုင်အတွင်းရှိ မချမ်း ဘော့မြို့နယ်နှင့်နောင်မွန်မြို့နယ် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယခုလပထမပတ်တွင် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။
Nov 09,2020
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား Swab နမူနာစစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ဦးရေ (၁၂၀၉)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။
Nov 09,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ အမှတ်(၂)မြို့မတောင်စံပြကွက် ဦးပိုင်အမှတ် ၁၄ တောင်သူ ဦးဂျီအားမင်၏ စိုက်ခင်းအတွင်း CERPအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်က်ကွက်အား ယနေ့ နံနက် ၁ဝ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Nov 09,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကလေးမှ ချင်းပြည်နယ်၊ တီအိုချောင်းခရီးစဉ်သို့ သွားရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ယာဉ်နောက်လိုက်ဖြစ်သူတွင် Positive ဖြစ်ပြီး ယာဉ်မောင်းတွင် Negative ဖြစ်ကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီမှစ၍ စတင်ကျင်းပရာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပကာ ဖလမ်းမြို့ပေါ် ရပ်ကွက်(၈)ခုတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။