ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 11,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ တောင်ယာရှင် တစ်ဦးပိုင်ဆိုင်သော တောင်ယာခြံဝန်း အတွင်း ယနေ့နံနက် ၉ နာရီက လူတစ်ဦးမီးလောင် သေဆုံးနေကြောင်း သိရသည်။
Nov 11,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ အမှတ်(၁၀၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မတူပီမြို့)မှ ရဲအုပ် လန်အင်းခွါလ် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စန်ဘောင် လမ်းဆုံ၌ ရောင်ပြန် (Sticker)များ ကပ်ပေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Nov 11,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင်မတူပီမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Nov 11,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပ နိုင်ငံများမှ နေရပ်ပြန်လာသူ ၁၃ ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။
Nov 11,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ ကျေးရွာ (၆)ရွာ၌ မတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Nov 11,2020
ရေဇွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက် ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း စာကြည့်တိုက်ခေတ္တပိတ်ထားပြီး Online မှတဆင့် ပုံပြောခြင်း၊ ကဗျာရွက်ဖတ်ခြင်းများကို အပတ်စဉ်တင်ဆက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တိုင်းလုံစာပေနှင့် ယဉ်ကျေးမှုကော်မတီမှရေးသားပြုစု သည့်" ညီညွတ်ကြမယ်"ဆိုတဲ့ပုံပြင်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
Nov 11,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Nov 11,2020
ချင်းပြည်နယ်တောင်ပိုင်းတွင် ရိုးရာခေါင်ရည်အဖြစ်အဓိက ထုတ်လုပ်ပြီး ဆန်၊ စပါးထက် အာဟာရဓာတ် ပိုမိုမြင့်မားသည့် ဆပ်နီကို ဟားခါးမြို့၌ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးခဲ့ရာ ဟားခါးမြို့၏ ရေမြေ၊ရာသီဥတုနှင့်ကိုက်ညီမှု ရှိကြောင်း သိရှိရသည်။