Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့
Nov 23,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၅ ဦးကို Test Kit ဖြင့်စစ်ဆေးရာ ကလေးမြို့မှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများပို့ဆောင်မောင်းနှင်မည့် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး
Nov 23,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၁ဝ နာရီမှ ကွင်းဆင်း စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Nov 23,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် ၂ ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့၌ တောင်သူများ၏ ဆောင်းသီးနှံ ပဲသီစိမ်း စိုက်ခင်းများ စတင်ဆွတ်ခူး
Nov 23,2020
ကယားပြည်နယ်၊ ဘောလခဲခခရိုင်၊ ရွာသစ်မြို့၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ထားရှိသော ပဲသီစိမ်း သီးနှံများ ရင်မှည့်နေပြီဖြစ်၍ ယနေ့နံနက်ပိုင်းက စတင်ကာ တောင်သူများ စတင် ဆွတ်ခူးနေပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ဆောင်ရွက်ပေး
Nov 23,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းဇန် ကျေးရွာတွင် ကိုးရီးယား သမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုဌာန Climate Change Center (CCC) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သော ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Nov 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု ရှိ / မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာ သွားလာနေသော ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask များ ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း လုပ်ငန်းများဆောင်ရွက်
Nov 23,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19)
အပြည့်အစုံ ဖတ်ရန်
ဆမီးမြို့တွင် ရေ(၃၀၀)လီတာဆံ့ရေတိုင်ကီ Hand Speaker နှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Nov 23,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speakerနှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
76
Page
77
Page
78
Page
79
Current page
80
Page
81
Page
82
Page
83
Page
84
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department