ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 31,2020
Christian Aid ၏ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာ ရပ်ကွက် (၄)ခု၊ မန်ကျန်း၊ မန်ဆာကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
Dec 30,2020
ကူးစက်မြန် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် မိုင်းရယ်မြို့ မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ဖြတ်သန်းသွားလာသည့် လူနှင့် ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
Dec 30,2020
မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဌာန် ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် ဆောင်းတွင်းရာသီ၌ နှစ်စဉ်မပျက်ကန်ရေနောက်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
Dec 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။
Dec 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) အား ဘောလခဲခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားစီရင် ရေး မဟာဗျူဟာကီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစဉ်အစီအား ရှင်းလင်းဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိန္ဒိယပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦးကို အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ရက်သတ္တပတ်နှစ်ပတ်ထားစောင့်ကြည့်ကာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ခွင့်ပေးပြီး မိမိနေအိမ်တွင် Stay Home တစ်ပတ်နေထိုင်ရမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်က ပြောသည်။
Dec 25,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ကာယခွန်းအားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။