ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 22,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်း ကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ် ဖွင့်လှစ်သော အခြေခံပန်းအလှပြင်သင်တန်းကို
Dec 22,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံမွေးမြူရေး ပညာပေးသင်တန်းကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲက နမ့်မန်းကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 21,2020
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၉ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောက်ကျွမ်းကာ အသက် ၃၅ နှစ်အရွယ်ရှိ အိမ်စောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Dec 21,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ရပ်ဘော့ကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာ (၂) ရှိ အ.မ.က (ခေါလန်) ကျောင်းတွင် ကျင်းပခဲ့သည်။
Dec 21,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -104768 နှင့် Case- 104769 တို့သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Dec 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး​နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Dec 21,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အပြင်သွားပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက် နာရီစင်အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။
Dec 21,2020
ချင်းပြည်နယ် ဟားခါးမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ Case-104756,Case-104757နှင့် Case-104758တို့ကို ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ယမန်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။