Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကန်ပိုက်တီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းဖြစ်သည့် နှစ်ခြင်းဘုရား ကျောင်း-မူကြိုကျောင်း-ဘောလုံးကွင်းတို့ ဆက်သွယ်ထားသည့်လမ်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၂၂ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက်
Dec 23,2020
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် လူ (၃ဝ) ဦးထက်မပိုစေဘဲ ဝတ်ပြုဆုတောင်းခွင့်ပြု
Dec 23,2020
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လူ (၃ဝ) ဦးထက်မပိုစေဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ဝတ်ပြုဆုတောင်းခွင့် ပြုကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး
Dec 23,2020
မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာ၌ အမှိုက်စွန့်ပစ်စနစ်အား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်
Dec 23,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမှိုက်စွန့်ပစ်စနစ်အား ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူတို့က ယမန်နေ့က ကွင်းဆင်း စစ်ဆေးပြီး ကိုယ့်အားကိုယ်ကို အမှိုက်စွန့်ပစ်မှု ဆောင်ရွက်ရန်အတွက် အမှိုက်ပုံးထားရှိခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထားခြင်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ "ထာပရီ" ချောင်းကူး သစ်သားတံတားသစ် ဆောက်လုပ်ပြီးစီး
Dec 23,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ "ထာပရီ" ချောင်းကူးသစ်သားတံတားမှာ စက်တင်ဘာလ ၂၃ ရက်ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများမြင့်တက်လာကာ မျောပါပျက်စီးသွားခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်လှစ်
Dec 23,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ သိက္ခာတော်ရ ဆရာတော် Rev ဒေါက်တာဆန်ကျုံးအုပ်က ဆုတောင်းမေတ္တာ ပို့သပေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော stay at home မြို့နယ်များတွင် မပါဝင်သော်လည်း ကျွန်းနေပြည်သူ များ ပေါ့ဆမှုမရှိစေရန် ကိုကိုးကျွန်းမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေ ရေးအတွက် ပြည်သူများအား ယမန်နေ့က နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ရန်၊ အပြင်မှ ပြန်လာပါက လက်ဆေးရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ပြောဆို ဆက်ဆံရန် မိမိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်မာရေး ဌာနသို့ သွား၍ ဆေးကုသမှုခံယူကြရန်၊ မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်း ပြည်သူများသို့ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
47
Page
48
Page
49
Page
50
Current page
51
Page
52
Page
53
Page
54
Page
55
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department