တွန်းဇံ ဒီဇင်ဘာ ၂၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် (၈)နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက နေအိမ်ပြင်ပ ထွက်ခွာ လာသူသည့် ပြည်သူများ၊ ဈေးဝယ်သူများနှင့် ဈေးသည်များ လမ်းသွားလမ်းလာ ဖြတ်သန်းမှုများသည့် လမ်းများတွင် ပါးစပ် နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာစေရေး အသိပညာ ပေးပြောကြားခြင်းနှင့် Mask (500)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)