ဓနုဖြူ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင် မြို့မဈေးအတွင်း၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဈေးကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သား/ငါးရောင်းချသောဈေးသည်များ တိရစ္ဆာန်သွေးနှင့် တိရစ္ဆာန်မှ ထွက်ရှိသောအရည်များကို တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာ ကျင့်သုံးစေရေး၊ လုပ်ငန်းပြီးဆုံးချိန်တွင် လက်ကိုဆပ်ပြာဖြင့် နည်းစနစ်မှန်ကန်စွာ ဆေးကြောနည်းသရုပ်ပြခြင်းနှင့် ဈေးခုံများအား နေ့စဉ်သန့်ရှင်းရေးပြုလုပ်သွားရန် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထက်ဝေဖြိုး