ရေစကြို မတ် ၁၉
ရေစကြိုမြို့နယ် ဥက္ကံကျေးရွာသို့ ယနေ့ နံနက် ၉ နာရီက ကံပွင့်မိသားစုမှ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥက္ကံကျေးရွာရှိ အိမ်ထောင်စု ၂၅၀ အတွက် သောက်သုံးရေ အဆင်ပြေစေရေး သောက်သုံးရေ ဂါလန် ၁၈၀၀ လှူဒါန်းခဲ့ကြောင်းနှင့်ရေစကြိုမြို့နယ်တွင်းရှိ သောက်သုံးရေလိုအပ်သောကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းရာတွင် ယခုနှစ်အတွင်းတွင် ၂၈ ခေါက်မြောက် ရှိပြီဖြစ်ကြောင်း ကံပွင့်ရေလှူအဖွဲ့၏တာဝန်ခံ ဦးခင်ဇော်ထံမှ သိရှိရသည်။
နွယ်နွယ်အောင်