Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မတူပီမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် မင်းကင်းမြို့တွင် ခရီးသွားပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီး သွား မှတ်တမ်းများ စနစ်တကျ ရယူခြင်း ဆောင်ရွက်
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းဗိုလ်ဦးဆောင်သောအဖွဲ့နှင့် ချမ်းမြေ့စည် သာသနာ့ ရိပ်သာ ဆရာတော်ဥူးဇောတိကဓမ္မရံသီတို့က ခရီးသွား ပြည်သူများ အား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွားမှတ်တမ်းများရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ(၂၈)ဦး Facility Quarantine ထားရှိဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ (၂၈)ဦးတို့သည် ယခုလတ်တလောအချိန်တွင် သတ်မှတ်ထားသည့် Facility Quarantine Centre နေရာများတွင် စောင့်ကြပ်ကြည့်ရှုခြင်း ခံယူလျက် ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို တွန်းဇံမြို့ပေါ်အတွင်း လှည့်လည်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းပူးပေါင်းဆောင်ရွက်
Sep 14,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော် မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး ပြည်သူများသိရှိ လိုက်နာလာစေရန်အတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ ဖြန့်ဝေခြင်းများကို ယ နေ့ နံနက်(၇) နာရီမှစတင်၍ မြို့မဈေး၊လေ ယာဉ်ကွင်းဈေးနှင့် လူသွားလူလာများသော လမ်းဆုံလမ်းခွများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၃စုအတွက် ထောက်ပံ့ပေးအပ်
Sep 14,2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က အိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၃စုအား စက်တင်ဘာ ၁၄ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး အခြားဒေသများမှ ဝင်ရောက်လာသူများအားလုံးကို အသွားအလာ ကန့်သတ်ထားရှိများ ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့ပေါ် လမ်းဆုံရှိ ဂိတ်၊ မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါးလမ်းရှိ ဖနိုင်ကျေးရွာ အဝင်ဂိတ် များတွင် နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ဦးဆောင် ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၊ တင်လောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Sep 14,2020
ချင်းပြည်နယ်၊ မတူပီမြို့၊ အောက်လားကျေးရွာအုပ်စု၊ တင်လောင်းကျေးရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်−၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများကို ကိုယ်တိုင်ဆောင်ရွက်စေခြင်းဖြင့် ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေရန်နှင့် ကျေးရွာသူ ကျေးရွာသားများဝင် ငွေရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင် ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် အောက်လား ကျေးရွာ အုပ်စု၊ တင်လောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းများပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
194
Page
195
Page
196
Page
197
Current page
198
Page
199
Page
200
Page
201
Page
202
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department