Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ် (၂/၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာစေရေး အသိပေးဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေး အတွက် ဟားခါးမြို့နယ်အတွင်း မြို့ပေါ်၊ကျေးရွာများ အားလုံးသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူး
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ပြည်သူ့ စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုနှုန်း များပြားနေချိန်အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများအတွက် စာအုပ်မိတ်ဆက်ခြင်းနှင့် ဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်း မှတစ်ဆင့် လွှင့်တင် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းပေါ် လွှင့်တင်နိုင်ရေးအတွက် သုတစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့ မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) (၃၀၀)ခုအခမဲ့ဖြန့်ဝေ
Sep 14,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန် မြို့မရဲစခန်း ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်တို့ ဦဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ (၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို ယ နေ့ နံနက် ၉ နာရီတွင် လူစည်ကားနေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
Sep 14,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန် က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့တွင် (Quarantine Center) ထားရှိရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြားမြို့/ရွာများမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူ များအား (Quarantine Center) ထားရှိရန်အတွက် ရှင်ဗွေယန်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းဝင်းအတွင်းရှိ ယောဂီအဆောင်ကို ယမန်နေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/ အထွက် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု နေစဉ်မပြတ်ဆက်လက်ဆောင်ရွက်
Sep 14,2020
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်အဝင်လုံခြုံရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့ ပူးပေါင်းစစ်ဆေးဂိတ်တွင် ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းကို နေ့စဉ်စစ်ဆေးပေး
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကာလအဖြစ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ လီဒိုလမ်းမကြီး တစ်လျှောက် ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား စည်ပင်သာယာစျေးအရှေ့၊ မြို့အဝင်ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ ည ၉ နာရီထိ အရှိန်မပြတ် ခရီးသွားမှတ်တမ်းများ ကောက်ယူ စစ်ဆေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
195
Page
196
Page
197
Page
198
Current page
199
Page
200
Page
201
Page
202
Page
203
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department