ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 14,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန် မြို့မရဲစခန်း ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်တို့ ဦဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ (၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို  ယ နေ့ နံနက် ၉ နာရီတွင် လူစည်ကား​နေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
Sep 14,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန် က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြားမြို့/ရွာများမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူ များအား (Quarantine Center) ထားရှိရန်အတွက် ရှင်ဗွေယန်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းဝင်းအတွင်းရှိ ယောဂီအဆောင်ကို ယမန်နေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 14,2020
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကာလအဖြစ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ လီဒိုလမ်းမကြီး တစ်လျှောက် ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား စည်ပင်သာယာစျေးအရှေ့၊ မြို့အဝင်ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ ည ၉ နာရီထိ အရှိန်မပြတ် ခရီးသွားမှတ်တမ်းများ ကောက်ယူ စစ်ဆေးလျက်ရှိသည်။
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက် (ဗန်းမော်-နမ့်ခမ်း ကားလမ်းဘေး) အလောင်းဘုရားလမ်းထိပ် မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်တရားရုံး လမ်းထောင့်နေရာတွင် ယမန်နေ့ ည(၇)နာရီ (၃၅)မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
Sep 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။