Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Task Kit ဖြင့် စစ်ဆေးရာ အတည်ပြုလူနာ(၁၀၀)ကျော်တွေ့ရှိ
Jul 15,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Test kit ဖြင့် ဇူလိုင်(၁၀)ရက်နေ့ မှစတင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂွမ်းဆိုင်လီ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့တိုက်နယ် ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လှူးဒါန်းပေး
Jul 14,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာပြီး ရပ်ကွက်အတွင်း ရောဂါ ကူးစက်ခံနေရသူ နေ့စဉ်တိုးတက်လာခြင်းကြောင့် ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံ၌ ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို လူမှုအဖွဲ့အစည်းများ၊ စေတနာပြည်သူ အလှူရှင်များက ဇွန်လနှင့် ဇူလိုင်လအတွင်း လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ Quarantine Centre ထားရှိရေး ပြင်ဆင်ဆောင်ရွက်
Jul 13,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်ထားရှိရေးအတွက် မချမ်းဘော့မြို့နယ် ကျန်းမာရေးဌာနပိုင် ဝန်ထမ်းအိမ်ယာတွင် ထားရှိရေးအား ယမန်နေ့နံနက် ၁၁ အချိန်၌ Quarantine Centre ပြင်ဆင်ဆောင်ရွက် ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ်ကျေးရွာကြားရှိ နမ်ရှယ် ချောင်းကူး ဘေလီသံဘောင် တံတားပြီးစီး၍ ဒေသအတွက်များစွာ အကျိုးပြု နေပြီဖြစ်
Jul 12,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ် ကျေးရွာကြားရှိ နမ်ရှယ်ချောင်းကူး ဘေလီသံဘောင် တံတားအား ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတည်ဆောက်မှု လုပ်ငန်းပြီးစီးနေပြီ ဖြစ်ပါသဖြင့် ဒေသအတွက် များစွာအကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ်(၁၈၇၅၀၄၀၀)ကျပ် တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများလှူဒါန်း
Jul 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဟန်ထက်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဒေါ်ဝေဝေမိသားစု သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီနှင့် မဟာရွှေဇဗ္ဗူ ကုမ္ပဏီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် (၁၈၇၅၀၄၀၀)ကျပ်တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယနေ့ နံနက် ၁၀ နာရီက မံစီမြို့ဇိနမာရ်အောင်မြို့ဦး စေတီတော်၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂)ဦး ပြန်လည် ကျန်းမာလာသူ(၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 12,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူဆေးရုံနှင့် ကျီခါးတိုက်နယ် ဆေးရုံတို့တွင် ယနေ့ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၂)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ(၄)ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ပြုလုပ်
Jul 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၉ ရက်နေ့ ညနေ (၄)နာရီ အချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွားလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 11,2021
ကချင်ပြည်နယ် တနိုင်းမြို့နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆွတ်ငိုင်ရပ်ကွက် သာယာသစ်အပိုင်းရှိ အမက သာယာသစ် ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16
Page
17
Page
18
Page
19
Current page
20
Page
21
Page
22
Page
23
Page
24
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department