သီပေါမြို့နယ်တွင် ယခုနှစ် မြန်မာ့ ရိုးရာအတာ သင်္ကြန်ကာလ၌ မြို့ပေါ်ရှိ ဘုရားကျောင်းကန်များ နှင့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်များ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ရိပ်သာများ၌ တရား စခန်းဝင်ခြင်း၊ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သံဃာတော်များ နှင့် ရိပ်သာဝင်ယောဂီတို့အား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းများဖြင့် နှစ်သစ်ကူးကာလ မုဒိတာပွား ကြည်နူးဖွယ် တွေ့ရသည်။ အတာသင်္ကြန်အကြိုနေ့မှ အစ ပြုလျက် သင်္ကြန်အတက်နေ့ အထိ သီပေါမြို့ နန်းဦးပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကစဉ္စဏအရှင် သူမြတ်အား အမှူးထား၍ တပည့် ဒါယကာ ဒါယိကာမများ၊ အလှူရှင်များ စုပေါင်းဦးဆောင် ပြီး နန်းဦးပရိယတ္တိ စာသင်တိုက်စေတီတော် မြတ်ကြီး၏ အရပ်ရှစ် မျက်နှာထောင့်များအလိုက် သဲပုံ စေတီတော်ရှစ်ဆူကို ရှေးရိုးရာ အစဉ်အလာမပျက် လှူဒါန်း ပူဇော်ကြသည်။ ။
ရွာငံမြို့နယ်တွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးထားသော ယုံဗွေကွမ်းသီးခြံ အနားယူအပန်းဖြေ နိုင်သည့် ခရီးသွားနေရာတစ်ခုဖြစ်လာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် နှစ်ရှည်ပဒေသာပင် စိုက်ပျိုးထားသော ယုံဗွေ ကွမ်းသီးခြံမှာ အနားယူအပန်းဖြေနိုင်သည့် ခရီးသွားနေရာတစ်ခုဖြစ်လာကြောင်း သိရသည်။ တောင်ပေါ် ဒေသဖြစ် သော်လည်း ရေငွေသဖွယ်ရှိသော ရေထွက်ပေါက်မှ ရေများထွက်ရှိကာ အဆိုပါနေရာကို အကြောင်းပြု၍ ရေငွေမှတစ်ဆင့် ယုံဗွေဟု ခေါ်တွင်လာ ကြောင်း ဒေသခံ များထံမှ သိရသည်။
လားရှိုးမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူ(၅၂၄) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အမှတ် (၁၊၅၊၇) ရပ်ကွက်နှင့် ဟန်နား၊ မတ်ချီနူ၊ အီနိုင်း၊ ကောင်းကြဲ(အီ)၊ နမ့်တွန်း၊ နားကွမ်းလုံ၊ နားမခေါ်၊ ဟူးမွန်ကျေးရွာအုပ်စုများ အတွင်းရှိ ပြည်သူ (၅၂၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း ကို ယနေ့ နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် သွားရောက်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မိုးမိတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ(၃)နာရီ က မိုးမိတ်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအရစ် ထောက်ပံ့ငွေပေးအပ်
GOVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်း ဆောင်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။
တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်
`COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ် အရ ရှမ်းပြည်နယ်၊တောင်ကြီးခရိုင် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
