တောင်ကြီး သြဂုတ် ၂၁
`COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ် အရ ရှမ်းပြည်နယ်၊တောင်ကြီးခရိုင် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က COVID −19 ကပ်ရောဂါ ဖြစ်ပွားနေချိန်နှင့် COVID-19 လွန်ကာလတွင် စားသုံးသူပြည်သူများ စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် သမဝါယမ အသင်းများအပါအဝင် မျိုးစေ့ထုတ်အသင်းများ၊ မျိုးစေ့ထုတ်တောင်သူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်လျက် မိုးစပါးမျိုးစေ့ထုတ်ဧက) (၁ သိန်း ကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် ဧက) ၄၃၁၈(ဧက ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဆောင်ရွက်မည့်မျိုးစေ့ထုတ်ဧကလေးထောင်ကျော် ကို မြို့နယ်ပေါင်း(၅၀) မြို့နယ်၊ ကျေးရွာပေါင်း ၂၅ ရွာ မှာတောင်သူပေါင် ၁၅၈၆ ဦးနှင့် ဆောင်ရွက် သွားမှာဖြစ်ပြီးမျိုး စေ့ထုတ်ဧက ၄၃၁၈ အတွက်မျိုးစေ့ဖိုး ငွေကျပ် (၃၆.၈)သန်း၊ အပင်ပြု စုခြင်း၊ မျိုးကွဲပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့် လုပ်ငန်းများအတွက် လုပ်အားခအဖြစ် ငွေကျပ် (၆၀၄.၅၂) သန်း စုစုပေါင်း ကျပ် (၆၄၁.၄၀) သန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ တောင်ကြီးခရိုင် အတွင်းရှိ မိုးစပါးမျိုးစေ့ ထုတ်ဧက (၁၂၅၂) အတွက် ပထမအကြိမ်အဖြစ် ငွေကျပ် ၁၀၄.၆၂၂ သန်း၊ ဒုတိယ အကြိမ်အဖြစ် စက်တင် ဘာလမှာ ငွေကျပ် (၈၁.၃၈) ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး စုစုပေါင်း ငွေကျပ် (၁၈၆.၀၀၂) သန်း ထောက်ပံ့ပေး သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ၊ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးသက်ဇင်မောင်တို့မှ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှတောင်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)