သတိပြုဖွယ် အပူဒဏ်အန္တရာယ်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အပူပိုင်းဇုန်တွင် တည်ရှိသည့်အားလျော်စွာ နေရာဒေသအတော်များများသည် နွေရာသီတွင် အပူဒဏ်ခံစားရသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုအခြေအနေအရလည်း ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုအမျိုးအစားသို့ ချဉ်းနင်းဝင်ရောက်နေကြောင်း သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပူပြင်းမှုဒဏ်ကို ယခင်နှစ်များထက် ပိုမို ခံစားရပါသည်။