Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

တားဆီးကာကွယ်ခြင်းကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များကို ၂၀၁၉ ခုနှစ်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၄ ခုတွင် ရှေ့ပြေးအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ခုတွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတွင်ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

လူငယ်များ၏ စိတ်ကူးအိပ်မက် သို့မဟုတ် လူရည်ချွန်

ယခုနှစ် ဧပြီလကုန်ပိုင်းက လူရည်ချွန်များ လေ့လာရေးခရီးစဉ် သွားရောက်ကြသည့်သတင်းများကို ရုပ်မြင်သံကြား၊ ​သတင်းစာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် မြင်ရ၊ ဖတ်ရှုရသည်။ နဝမတန်းမှသည် ဒွါဒသမတန်းအထိ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် စိစစ်ရွေးချယ်ထားပြီး ထိုက်ထိုက်တန်တန် ပါဝင်ခွင့်ရကြသော လူငယ်မောင်မယ်များ၏ လူရည်ချွန်လေ့လာရေးခရီးစဉ်မြင်ကွင်းများတွင် သူတို့၏ စိတ်အားတက်ကြွမှု၊ ရွှင်လန်းမှုနှင့် စူးစမ်းလေ့လာမှု၊ ပျော်ရွှင်မှုတို့ကို ထပ်တူခံစားရသည်။

လူငယ်များ၏ စိတ်ကူးအိပ်မက် သို့မဟုတ် လူရည်ချွန်

ယခုနှစ် ဧပြီလကုန်ပိုင်းက လူရည်ချွန်များ လေ့လာရေးခရီးစဉ် သွားရောက်ကြသည့်သတင်းများကို ရုပ်မြင်သံကြား၊ ​သတင်းစာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် မြင်ရ၊ ဖတ်ရှုရသည်။ နဝမတန်းမှ သည် ဒွါဒသမတန်းအထိ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် စိစစ်ရွေးချယ်ထားပြီး ထိုက်ထိုက်တန်တန် ပါဝင်ခွင့်ရကြသော လူငယ်မောင်မယ်များ၏ လူရည်ချွန်လေ့လာရေးခရီးစဉ် မြင်ကွင်းများတွင် သူတို့၏ စိတ်အားတက်ကြွမှု၊ ရွှင်လန်းမှုနှင့် စူးစမ်းလေ့လာမှု၊ ပျော်ရွှင်မှုတို့ကို ထပ်တူခံစားရသည်။ လူငယ်များသည် ပင်ကိုသဘာဝအရ တက်တက်ကြွကြွဖြင့် နိုးကြားဖျတ်လတ်သည်။ လှုပ်လှုပ်ရှားရှား စိတ်အားထက်သန်လေ့ရှိသည်။ တီထွင်ဖန်တီးလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ဦးဆောင်လိုစိတ်၊ ပါဝင်ပူးပေါင်းလိုစိတ်၊ အားကိုးမှုကို ခံယူလိုစိတ် ပြင်းထန်ကြသည်။ ကြိုးစားအားထုတ်မှုနှင့်ပေါင်းစပ်ကာ သူတို့၏စိတ်ကူးစိတ်သန်းများကို အကောင်းဆုံးရွက်လွှင့်လိုစိတ်ရှိသည်။ ထိုသို့သော လူငယ်များအတွက် လူရည်ချွန်ဖြစ်ခွင့်ရခြင်းသည် အကောင်းဆုံးသော ပံ့ပိုးမှုဖြစ်ပြီး အခြားအခြားသော လူငယ်များအတွက်လည်း လေးစားအတုယူစရာပင် ဖြစ်ပါသည်။

အတန်းပညာနှင့်အတူ အတတ်ပညာပါ လေ့လာဆည်းပူးနိုင်ဖို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့

ကျောင်းသား ကျောင်းသူများ စနစ်တကျ စီတန်းစိုက်ပျိုးထားသော သီးပင် စားပင်များနှင့် တစ်ထပ်စာသင်ဆောင်များသည် အလွန်ပင်ပနံရလှသည်။ ထို့ပြင် သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းအတွင်း ဆရာ ဆရာမများ၏ စာသင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေးသင်ယူနေမှုတို့မှာလည်း ဆရာနှင့် တပည့်တို့အကြား အပေးအယူမျှ Harmony ဖြစ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ညောင်နှစ်ပင်) တွင် ဖြစ်သည်။

ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှု၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် မြန်မာ့ဝါဂွမ်းသမိုင်း အကျဉ်းချုပ်

ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှုသည် တိုးတက်များပြားလာသည်။ တိုးတက်မှုနှုန်းသာလျှင် ပုံမှန်မဟုတ်ချေ။ ဝါဂွမ်းသုံးစွဲမှုပမာဏသည် ဒေသအလိုက် ခြားနားသည်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ကမ္ဘာ့ဝါဂွမ်း သုံးစွဲမှု ပမာဏ၏ ၆၆ ရာခိုင်နှုန်းခန့်ကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သည်။ ဒေသအလိုက် ဝါဂွမ်းသုံးစွဲမှုပမာဏ အတိုးအလျော့သည် ချည်မျှင်တု ဈေးနှုန်းဖြင့် ပြိုင်ဆိုင်ရခြင်း၊ ကမ္ဘာ့စီးပွားရေး၊ အထည်ရက်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာမူဝါဒ စသည်တို့အပေါ်တွင် တည်နေသည်။

ဒို့ကျေးရွာများဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

ကမ္ဘာကြီးသည် ရှိသမျှသော ဂြိုဟ်ကြီးများအနက် လူသားတို့နေထိုင်ရန်အတွက် အကောင်းဆုံးသော နေရာဖြစ်ပြီး လူသားအားလုံးသည် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကို ပိုမိုတိုးတက်ကောင်းမွန်စေချင်ကြသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံချက်/စီမံကိန်းများ ရေးဆွဲချမှတ်၍ သူ့ထက်ငါအပြိုင် ကဏ္ဍနှင့်ဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌ အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ Top Down (အထက်မှမူဝါဒချမှတ်၍ တိုက်ရိုက်စီမံခန့်ခွဲသည့်စနစ်) နှင့် Bottom Up (အောက်ခြေမှ အဆင့်ဆင့် တင်ပြဆောင်ရွက်သည့်စနစ်) ကို လိုအပ်သလို ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

တိုးချဲ့စိုက်ပျိုးသင့်သည့် ဆီထွက်သီးနှံ

စားဝတ်နေရေးလို့ခေါ်တဲ့ လူ့ဘောင်လောကရဲ့လိုအပ်ချက်တွေထဲမှာ နေ့စဉ် စားသောက်နေရဖို့က အခြေခံအကျဆုံးအရာတစ်ခုဖြစ်ပါတယ်။ စားသုံးကြရတဲ့ အစားအစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးပါလှသလို အစားအစာများဟာ အာဟာရပြည့်ဝဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေကို ဖန်တီးတဲ့နေရာမှာ မပါမဖြစ် အသုံးပြုနေကြရတဲ့ စားသုံးဆီသန့်ရှင်းရေးနဲ့ ဖူလုံစွာထုတ်လုပ်နိုင်ရေးဟာ မျက်မှောက်ခေတ်ရဲ့စိန်ခေါ်မှုတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လူဦးရေတိုးတက်လာတာနဲ့အတူ ပြည်တွင်းစားသုံးဆီလိုအပ်မှုဟာ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးဆီတွေကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီ၊ ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးကို တွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်အား အတတ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကြားတွင် လူသားတို့၏အသက်အန္တရာယ်ကို မထိခိုက်စေရန်အတွက် မိမိတို့တတ်စွမ်းသမျှ အသိပညာ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်းသည် ကြက်ခြေနီဟူသော စေတနာ့ဝန်ထမ်းများပင်ဖြစ်သည်။

အလင်းမှ အလင်းသို့ ရှေးရှု၊ တောက်ပအနာဂတ် တို့ပြိုင်တူ

အနေနီးသည်။ ဆယ်စုနှစ်တစ်ခုချီ သိကျွမ်းရင်းနှီးခင်မင်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပေမယ့် သူ့ကို လူရည်ချွန်တစ်ဦးဖြစ်ခဲ့မှန်းမသိခဲ့၊ သတိပင်မထားမိခဲ့။ လူရည်ချွန်တစ်ဦးဖြစ်ခဲ့သည်ကို ဆိုရှယ်မီဒီယာတစ်ခုမှာ အရိပ်အမြွက်မျှသိရတော့မှသာ အရိပ်ပြအကောင်ထင်ခဲ့ရသည်။

ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကမ္ဘာတစ်ဝန်းမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းတို့ကိုအဓိက စိုက်ပျိုးလျက်ရှိပါတယ်။ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နဲ့ ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသနဲ့ ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတစ်ဦးဟာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးလျက်ရှိပါတယ်။ နှစ်စဉ်စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် စားသုံးဆီလိုအပ်ချက်၏ ၆၀-၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရပါတယ်။ နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းတဲ့နိုင်ငံအဖြစ်မှ ဆီတင်ပို့တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေးလမ်းညွှန်ချက်ပေးထားပြီး ဖြစ်ပါတယ်။
Subscribe to ဆောင်းပါး