တိုင်းပြည်သာယာဝပြောရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲဆောင်ရွက်ကြပါစို့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကမ္ဘာတည်သရွေ့မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရှိရေးအတွက်၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နယ်ချဲ့အစိုးရနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေစဉ် လမ်းခုလတ်၌ပင် မသမာသူနယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။
