Skip to main content

နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့် (National Self Defence)

တရားသောစစ်မူသဘောတရား(Just War Theory)အရ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာတဲ့အခါမှာ အဲဒီနိုင်ငံအနေနဲ့ ကာကွယ်ခုခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီမူသဘောတရားကပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံရေးလွတ်လပ်မှုကို မပြိုကွဲမပျက်စီးစေဖို့အတွက် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးကို ခွင့်ပြုထားတာပဲဖြစ်ပါတယ်။

ကောင်းကျိုးအဖြာဖြာ ဝဥပဒေသာ

“ဝဥ” ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ “ဝဥ” အမည်ကို နောက်တစ်မျိုးအနေနဲ့ “ဖျံဥ” လို့လည်း ခေါ်ကြပါတယ်။ “ဝဥ” ဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်ခုပါ။ အင်္ဂလိပ် လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ ခေါ်ပါတယ်။ “ဝဥ” ရဲ့ မျိုးရင်းက Araceae ဖြစ်ပြီး မျိုးစုက Amorphophallus မျိုးစိတ်က A. konjac ဖြစ်တာကြောင့် ဒွိနာမအနေနဲ့ Amorphophallus Konjac လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်အနေနဲ့ Amorphophallus Companuatus ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ “ဝဥ” မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။

ငါးဆယ့်ရှစ်နှစ်တည်ကာစေ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့

“သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို၊ သီကုံးပန်းသွင်နေ့တိုင်းဆင်လော့”လို့ ဆိုကာ ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုနဲ့ရေးသားခဲ့ပါတယ်။ စာရှစ်လုံးမှာ ပါဠိစကားတို့ရဲ့ အစစာလုံးတွေဖြစ်ကြပြီး သုဏေယျ၊ စိန္တေယျ၊ ပုစ္ဆေယျ၊ ဘာသေယျ၊ ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။

အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ဝမ်းစာရေးရှာဖွေရာတွင်လည်းကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးတရားများ ရှာဖွေအားထုတ်ရာတွင်လည်းကောင်း စာပေတတ်မြောက်မှုသည် အလွန်ပင်အရေးကြီးသည်။

နည်းပညာရေစီးကြောင်းနှင့် သတိပြုဖွယ် AI အန္တရာယ်

ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးမှုအလင်းရောင် မြစိမ်းရောင်

ပြင်လက်စဆိုင်ကယ်များအကြား ဦးစိုင်းပန်းစိန်သည် အလုပ်များနေသည်။ ဦးစိုင်းပန်းစိန်၏လုပ်ငန်းခွင်သည် အလုပ်များလေ ဝင်ငွေများလေဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးရေးကို ကိုယ်တိုင်ကိုယ်ကျ နှစ်ဆကြိုးစားလျက်ရှိသည်။

ရေရှည်ကောင်းမွန်တည်တံ့သော အနာဂတ်အတွက် စာတတ်မြောက်ရေး

နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတစ်ခုဖြစ်သည်။ ဤနေ့သည် စာတတ်မြောက်ရေး၏ အရေးပါမှုနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝန်း စာတတ်မြောက်မှုနှုန်း မြင့်မားရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဘုရားရှင်သည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွ၍ ဆွမ်းကိစ္စပြီးသောအခါ ကိုယ်တော်တစ်ပါးတည်းသာ ဇာလီနီမည်သော တောအုပ်တွင်ရှိသည့် အင်္ဂုလိမာလဆီသို့ ကြွသွားလေသည်။ တောအနီးသို့ရောက်လျှင် သားထံသို့သွားနေသော မန္တာနီပုဏ္ဏေးမနှင့် အင်္ဂုလိမာလအကြားသို့သွား၍ စင်္ကြံကြွတော်မူလေသည်။ အင်္ဂုလိမာလသည် မထင်မရှားဖြင့်လာသော ဘုရားရှင်အားမြင်လျှင် “ဤရဟန်းအားသတ်တော့အံ့” ဟုကြံလျက် တောအုပ်အတွင်း၌ ပုံးကွယ်ရာမှ လျင်မြန်စွာထ၍ ပြေးလာလေသည်။

Mpox (မျောက်ကျောက်) ရောဂါအကြောင်း သိကောင်းစရာ သို့မဟုတ် အသိသတိနှင့် ကာကွယ်ရမည့် Mpox (မျောက်ကျောက်) ရောဂါ

၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International concern-PHEIC)အဖြစ် သတ်မှတ်ကြေညာတုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။

လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး

လမ်းလျှောက်ခြင်းဟာ ကုန်ကျစရိတ်မရှိတဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ဘဝတစ်လျှောက် ထူးကဲတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။
Subscribe to ဆောင်းပါး