နိုင်ငံတော်ကာကွယ်ခုခံပိုင်ခွင့် (National Self Defence)
တရားသောစစ်မူသဘောတရား(Just War Theory)အရ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာတဲ့အခါမှာ အဲဒီနိုင်ငံအနေနဲ့ ကာကွယ်ခုခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီမူသဘောတရားကပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံရေးလွတ်လပ်မှုကို မပြိုကွဲမပျက်စီးစေဖို့အတွက် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးကို ခွင့်ပြုထားတာပဲဖြစ်ပါတယ်။
