မမေ့အပ်သော အာဇာနည်နေ့နှင့် ပြည်သူပြည်သားအားလုံး ဖြည့်ဆည်းရန်တာဝန်ရှိသည့် အာဇာနည်တို့ မျှော်မှန်းသောပန်းတိုင် . . .
ဇူလိုင်လ ၁၉ ရက်နေ့သည့် မိမိတို့နိုင်ငံသားအားလုံးအတွက် အစဉ်အောက်မေ့ လွမ်းဆွတ်ဖွယ် နေ့တစ်ရက်ဖြစ်ခဲ့သည်မှာ ၇၇ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ကိုလိုနီတို့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော်မျှ နေထိုင်ခဲ့ရပြီး လွတ်လပ်ရေး၏ အသီးအပွင့်တို့ ဖူးပွင့်လာဖို့ လက်တစ်ကမ်းအလို၊ တောင်ပေါ်မြေပြန့် အတူအကွ ပေါင်းစည်းကာ လွတ်လပ်သော မြန်မာနိုင်ငံဖြစ်လာစေဖို့ စစ်ရေး၊ နိုင်ငံရေးအရ ဦးဆောင်ကြိုးပမ်းနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ဟုသတ်မှတ်ခံထိုက်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောနေ့၊ ပြည်သူပြည်သားတို့ မျက်ရည်မဆည်နိုင် ငိုပွဲကြုံရသည့်နေ့ တစ်နည်းအားဖြင့် ယနေ့နှောင်းလူတို့တိုင် ဝမ်းနည်းယူကျုံးမရဖြစ်ရသည့် နေ့တစ်နေ့ပင် မဟုတ်ပါလော။