စားသုံးဆီကြောင့် ဘေးမဖြစ်စေလို
မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင်စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ ဖွဲ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကိုနှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။