Skip to main content

သတိထားရှောင်ရှားရန်လိုအပ်သော မျောက်ကျောက်ရောဂါ ကူးစက်မှုအန္တရာယ်

၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ၌ သုတေသနပြုလုပ်ရန် မွေးမြူထားသော မျောက်များ၌ မျောက်ကျောက်ရောဂါ (Mpox) ကို ပထမဆုံးတွေ့ရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကိုးလအရွယ် ယောကျ်ားလေးတစ်ဦးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့သည်။ မျောက်ကျောက်ရောဂါသည် လူအချင်းချင်းသော်လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့နောက် မျောက်ကျောက်ရောဂါသည် ဗဟိုအာဖရိက၊ အရှေ့နှင့် အနောက်အာဖရိကတို့တွင် တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့လာခဲ့သည်။ မျောက်ကျောက်ရောဂါပိုးအစပျိုးဖြစ်စဉ်နေရာကို အတိအကျမသိရှိရသော်လည်း ရှဉ့်နှင့်မျောက်ကဲ့သို့သော နို့တိုက်သတ္တဝါများတွင် တွေ့ရှိနိုင်သည်ဟု သိရသည်။

နိုင်ငံခြားငွေယိုစိမ့်မှုများ လျှော့ချရေး ဝိုင်းဝန်းကူညီပေး

နိုင်ငံခြားငွေဆိုတာ မိမိတို့နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံက အသိအမှတ်ပြုထုတ်ဝေသုံးစွဲတဲ့ ငွေကြေးကိုဆိုလိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သုံးစွဲနေတဲ့ နိုင်ငံအလိုက် ငွေကြေးအမျိုးမျိုးအနက် နိုင်ငံအများအပြားက သုံးစွဲကြတဲ့ နိုင်ငံခြားငွေတွေ တစ်နိုင်ငံမှ အခြားနိုင်ငံသို့ စီးဆင်းရွှေ့ပြောင်းမှုများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် အင်မတန်မှအရေးပါပါတယ်။ ကမ္ဘာ့မှာ အများဆုံးအရောင်းအဝယ်ပြုလုပ်နေကြတဲ့ ထိပ်တန်းနိုင်ငံခြားငွေကြေး ၁၀ မျိုးကတော့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ပေါင်စတာလင်၊ ဩစတြေးလျဒေါ်လာ၊ ကနေဒါဒေါ်လာ၊ ဆွစ်ဖရန့်၊ တရုတ်ယွမ်၊ ဟောင်ကောင်ဒေါ်လာနဲ့ နယူးဇီလန်ဒေါ်လာတို့ပဲဖြစ်ပါတယ်။ အဆိုပါငွေကြေးများနဲ့ တစ်ကမ္ဘာလုံးမှာ တစ်နေ့ပျမ်းမျှရောင်းဝယ်မှုပြုနေတဲ့ပမာဏကို လေ့လာကြည့်ပါက အောက်ပါအတိုင်းတွေ့ရှိရပါတယ် -

ဝန်းကျင်လေထုအရည်အသွေး ကောင်းမွန်သန့်ရှင်းရေး

ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေထဲမှာ လေထုညစ်ညမ်းမှုဟာလည်း ပိုမိုကြီးမားလာနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လေထုထဲမှာ မလိုလားအပ်တဲ့ ဓာတုပစ္စည်းနဲ့အခြားအရာတွေ ရောနှောပါဝင်နေတာကြောင့် လေရဲ့အရည်အသွေးကျဆင်းခြင်းကို လေထုညစ်ညမ်းမှုလို့ ခေါ်ဆိုကြပါတယ်။

မူမှန်သောအတွေး မူမှန်သောအကျင့်

လူတိုင်းအတွက် မိမိကိုယ်ကို နားလည်တတ်ဖို့ဆိုတာက အလွန်အရေးကြီးသလို ဒါဟာ ကိုယ့်ဘဝကို ပိုမိုပြည့်စုံအောင်ပြုလုပ်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေမှာ အောင်မြင်မှုရရှိဖို့အတွက် ကိုယ့်စွမ်းရည်နဲ့ စိတ်ခံစားချက်တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ လူတွေက မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်တယ်လို့ ယုံကြည်ထားကြပေမယ့် အဲဒါဟာ တကယ်ရောမှန်ကန်ပါရဲ့လား။ ဒါကြောင့် မိမိကိုယ်ကို နားလည်တတ်ခြင်းဟာ ကိုယ်တိုင်တိုးတက်မှုနဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးကြောင်း ဆွေးနွေးမျှဝေလိုပါတယ်။

မျောက်ကျောက်‌ရောဂါ သတိပြုပါ

အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိ ရှိခဲ့သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

သုတသိပ္ပံနည်းပညာ (လေဟာနယ်ပုံအတွင်း သတ္တုသွန်းလောင်းခြင်း၊ ခေတ်မီလျှပ်စစ်ကား) အကြောင်း သိကောင်းစရာများ

V - Process သတ္တုသွန်းလောင်းခြင်းစနစ်နည်းပညာကို ၁၉၇၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြုတီထွင်ခဲ့ကြသည်။ မူလသုံးစွဲနေသည့် သဲပုံသွန်းများအတွင်း သတ္တုရည်သွန်းလောင်းထုတ်လုပ်ခြင်း ထက်ထူးခြားသည်။ အားသာချက်များမှာ ထုတ်လုပ်မှုလျင်မြန်ကာ ကုန်ကျစရိတ်သက်သာပြီး လုပ်သားများ၏ ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊ ဆူညံတုန်ခါမှုမဖြစ်စေဘဲ အပြစ်အနာအဆာကင်းလွတ်၍ မျက်နှာပြင်ချောမွေ့လှပခြင်း၊ အတိုင်းအတာတိကျသပ်ရပ်သော သွန်းထည်များကို ထုတ်လုပ်ပေးနိုင်ခြင်းစသည့် ထူးခြားအားသာမှုများကြောင့် V-Process ကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံက နည်းပညာလွှဲပြောင်းဝယ်ယူခဲ့ပါသည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ပေး

ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။

မသိမဖြစ်သော လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုအန္တရာယ်

ယခုအခါ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင် ပြီးရော” ဆိုသကဲ့သို့ မိမိတို့အကျိုးစီးပွားအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက်ရှိနေကြပါသည်။

ဘာသာတရား အလေးထား

ဘာသာတရားဆိုသည်မှာ “ယုံကြည်ကိုးကွယ်သည့် အယူဝါဒ”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ကမ္ဘာဦးအစကပင် ရောဂါအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး၊ ကပ်ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လူသားတို့ ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ကြောက်ရွံ့ခြင်းများဖြစ်လာပြီး ထိုအန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်စေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုများကို ရှာဖွေခဲ့ကြသည်။ အတွေးအခေါ်ဖွံ့ဖြိုးမှုအားမကောင်းသေးသည့်ကာလ လူသားတို့သည် သစ်ပင်၊ မြစ်ချောင်း၊ တောတောင်၊ ပင်လယ်၊ ကျောက်တုံးစသည့် အရာများကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။
Subscribe to ဆောင်းပါး