ပရိုပီသစွာ ရပ်တည်ပါ
ငယ်စဉ်က ဖတ်ရှုခဲ့ဖူးသည့် ဆရာလင်းယုန်မောင်မောင်၏ “ပုလဲဆိပ်ကမ်း တစ်နေ့တာမှတ်တမ်း” စာအုပ်တွင် ဂျပန်စစ်လေယာဉ်များ အလစ်ဝင်ရောက်တိုက်ခိုက်နေသည့်ကြားမှ နီဗားဒါးစစ်သင်္ဘောပေါ်မှ ဘင်ခရာတီးဝိုင်းအဖွဲ့သည် အလံတင်အခမ်းအနားကို ပြီးစီးအောင် တီးမှုတ်သွားခဲ့သည်။ သူတို့တစ်သက်တာတွင် အမျိုးသားသီချင်းကို နှစ်ပေါင်းများစွာ တီးမှုတ်ခဲ့ရာ၌ တစ်ကြိမ်တစ်ခါမျှ တစ်ပိုင်းတစ်စဖြင့် ရပ်ပစ်ခဲ့ရခြင်းမရှိ၍ ဖြစ်သည်။
