Skip to main content

လွမ်းစမပြယ်ကောင်း လွမ်းရိုးဟောင်းဆင့် လွမ်းသစ်ဖွင့်နိုင်စွမ်းသော

မလွမ်းရော့သော်ကော့။ လွမ်းစရာအထုအထည်။ “ဤနယ်မြေမှာ ချစ်သူခင်သူတို့ထိုင်ရင်း ကြည်ကြည် နူးနူး စကားဆိုဖွယ်ရာ ခုံတန်းလျားလေးများကလည်း အဆင်သင့်” တဲ့။

ရန်ကုန်တက္ကသိုလ်ရဲ့ သားကောင်းတစ်ဦး

ကျွန်မရဲ့ “ရာပြည့်တက္ကသိုလ်သို့ နောက်ကျအလွမ်း” ကြေးမုံသတင်းစာ(၂၃-၁၂ - ၂၀၂၀ရက်) ထုတ် ဆောင်းပါး ဖတ်ပြီး ၈၇ နှစ် အမယ်အိုကို တကယ်လိုလိုလားလား မေတ္တာစကားပြောကြားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာခင်သန်းဦး (မမိုးမြေ) ကဆို ခေါင်းစဉ်တောင်ပေးပြီး နောက်ဆက်တွဲရေးဖို့ပြောသလို စာချစ်သူ စာဖတ်သူ ခင်မြနွယ်ဆိုရင် သူ့ရဲ့ မဟာဝိဇ္ဇာကျမ်း ကြီးကြပ်သူ ဆရာ ဖိုးကျော်မြင့်ရဲ့ သွင်ပြင်၊ စိတ်ဓာတ် ခိုင်မာမှု၊ ကိုယ်ကျင့်သိက္ခာစတာလေးတွေပေါ်အောင် ရေးပေးပါလို့ ပြောလာပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်း ရေးချင်ပေမယ့် ကိုယ်ရည်သွေးရာ ရောက်မှာစိုးလို့ မရေးချင်ပါ။ “ဝိုင်းပြောသိလိမ့်” သဘောပဲထား ချင်ပါတယ်။ ခင်ပွန်းသည် ဦးဖိုးကျော်မြင့် (မြန်စာဂုဏ် ကျော်မြင့်)နဲ့ ကျွန်မတို့ နှစ်ယောက်က ဆရာ ဆရာမ ဘဝကို နှစ်နှစ်သက်သက် ရွေးချယ်ခဲ့ကြတာပါ။ အခုတော့ သူနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သစ္စာစကားနဲ့ဝေမျှချင်မှု၊ သူ့ရဲ့ လုံ့လ၊ ဝီရိယကြီးမားမှု၊ မျိုးဆက်သစ်တွေကို အကျိုးပြုစေချင်တဲ့ ရည်ရွယ်မှုနဲ့ ရေးတာဖြစ်ပါ တယ်။

ပထမဆုံးရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲမှ အစပြု၍

လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်။ ၁၉၇၈၊ ၁၉၇၉ ခုနှစ် ပတ်ဝန်းကျင်တစ်ဝိုက်ဆီက။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ အီကို ကင်တင်းန်နားက ပန်းချီခန်း။ အဆောက် အဦ သေးသေးကုပ်ကုပ်လေးထဲတွင် အနား ယူနေသောဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုဌေးမြင့် (ကာတွန်းဖိုးတိုး) ထံ သင်္ချာကျောင်းသား ကိုမျိုးကြွယ်(ပန်းချီ ကေမြိုး (ကွယ်လွန်)) ၏ ကောင်းမှုဖြင့် အထူးဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုး သန့်(ကာတွန်း မောင်နန္ဒ)ပင် ဖြစ်သည်။ ကာတွန်းဆရာကြီးဝင်းမောင် (မိမော်မေမ)(ကွယ်လွန်)၏ စာပေးစာယူသင်တန်းသား တပည့် ကာတွန်းဖိုးတိုးတစ်ယောက် ဝါသနာ တူ ကာတွန်းမောင်နန္ဒနှင့် ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးဖြစ်လာမည့် ကာတွန်းပြပွဲကိစ္စ စတင်ဆွေးနွေးဖြစ်ခဲ့ကြသည်။

ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဂါရဝပြုရမည့် ဆရာကြီးတစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ရုက္ခဗေဒတွဲဖက်ပါမောက္ခ/ ဌာနမှူး ဆရာကြီးဒေါက်တာ ဦးကျော်စိုးအကြောင်းကို လက်လှမ်းမီသမျှ တင်ပြဂါရဝပြုပါသည်။ ရန်ကုန် တက္ကသိုလ်သမိုင်းကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်များ သိရှိစေရန်ဖြစ်ပါသည်။

နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်

“ကံ့ကော်တောကို စွန့်ခဲ့ပြီ” ဟူသောဝတ္ထုသည် ကျွန်မတို့ အလယ်တန်းကျောင်းသူဘဝကပင် တရှိုက်မက်မက် မက်ခဲ့ရသော အိပ်မက်ရှည် ဖြစ်ပါသည်။ ဝတ္ထုအမည်ကိုက လွမ်းရိပ်သန်းနေပါ သည်။ ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောဟူသောအမည်ကို စတင်ပေးခဲ့သူ တက္ကသိုလ် ခင်မောင်အေးသည် “ကံ့ကော်တောနှင့် ဝေးခဲ့ပြီးမှ” ဟူသော ရန်ကုန်တက္ကသိုလ် လွမ်းချင်းဖြင့်လည်း ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောအဖြစ် သမိုင်းတင် နိုင်ခဲ့ပါသည်။ ကံ့ကော်တောနှင့် ဝေးခဲ့ပြီးမှ မြကျွန်းညိုသို့ သတိရတိုင်း ကျွန်မတို့ မျက်ရည်ဝိုင်းရပါသည်။

စနစ်သစ်ပညာ​ရေး​အစ ၁၉၆၄-၆၈ ကာလက တက္ကသိုလ်​ရေကူးပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် ရေကူးအသင်း​၏ အောင်နိုင်မှုများ

ရန်ကုန်တက္ကသိုလ်ကြီးဟာ ပညာ​ရေးကို အဓိကအ​ခြေပြုပြီး အမျိုးသား​ရေးနဲ့နိုင်ငံ​ရေး လှုပ်ရှားမှုများ၊ စာ​ပေနဲ့ အနုပညာလှုပ်ရှားမှုများနဲ့အတူ အားကစားလှုပ်ရှားမှုများဟာလည်း အ​ရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အားကစား လှုပ်ရှားမှုတွေထဲမှ ​တက္ကသိုလ်​ရေကူးပြိုင်ပွဲများ ဟာလည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တာမို့ နှစ် (၁၀၀) ပြည့် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

ကျင့်ဝတ်ကောင်းမြတ်၊ စိတ်ဓာတ်ကောင်းတည်၊ အမိရန်ကုန်တက္ကသိုလ်ဆီ

ရန်ကုန်တက္ကသိုလ်ကြီး မွေးဖွားလာတာ နှစ်(၁၀၀)ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေမရှိလို့ အဓိပ္ပာယ်ရတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ”ဆိုတဲ့ အမှတ်တံဆိပ်ဟာလည်း ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဝင့်ထည် မြင့်မားခံ့ညား စေပါတယ်။

ရင်ထဲက တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ခဲ့သည်မှာ နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ရာ ယခုအခါ (၁၀၁) နှစ်အတွင်းသို့ ဝင်ရောက်ခဲ့ပါပြီ။ ငယ်စဉ်က နံနက်ချိန်ခါတေးသံသာ လာတိုင်း ကြားရတတ်သော ကိုမင်းနောင်၏ “တက္ကသိုလ် ကျောင်းသူတစ်ဦး”သည် နားထဲတွင် စွဲနစ်နေ၏။ အောင်မင်းခေါင်ဘုရားလမ်းနေအိမ်မှ ၅ မိုင်ခွဲ မာတင် ရိပ်သာရှိ ဦးလေးအိမ်သို့သွားတိုင်း အင်းလျားလမ်းကို ဖြတ်ရလေ့ရှိရာ သစ်ပင်တွေ အုပ်ဆိုင်းနေသော ရန်ကုန် တက္ကသိုလ်ဝင်းကြီးထဲမှ ဘွဲ့နှင်းသဘင်ခန်းမကြီးကို မြင်တွေ့ရလေ့ရှိပါသည်။ “သမီး တစ်နေ့တက်ရမယ့် ကျောင်းကြီးပဲ”ဟု အဖေက လက်ညှိုးညွှန်ပြ၏။ ကြီးမား ခံ့ထည်သော အဆောက်အအုံကြီးက ကျွန်မကို ရင်ခုန်စေခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်နှင့် ခြေလျင်တောင်တက်အသင်း

“မိုဟာမက်သည် တောင်ကြီးကို လာလော့ဟု ဖိတ်ခေါ်၏။ တောင်ကြီးကား မရွေ့၊ ထိုအခါ မိုဟာမက်သည် တောင်ကြီးရှိရာသို့ သွားလေ၏”ဟူသော အာရေဗျ စကားပုံလေးရှိပါသည်။ ကျွန်တော်တို့သည် မြင့်မားဝေသီသော တောင်ထွတ်ကြီးများပေါ်သို့ တက်ရောက်လိုပါ၏။ တောင်ထိပ်တောင်ထွတ်ကြီးများသည် ကျွန်တော်တို့ထံသို့ လာမည်ကားမဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် တောင်ထွတ်ကြီးများရှိရာသို့ ရေမြေတောတောင်ခရီးကြမ်းအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုး၊ အခက်အခဲအတားအဆီးအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်၍ ဇွဲ၊ သတ္တိ၊ အားမာန် အပြည့်ဖြင့် တက်ရောက်ကြရပါသည်။

ကံ့ကော်လေညင်း မွှေးပျံ့သင်း

၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေတဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီးသား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ်ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။
Subscribe to ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုဆောင်းပါး