Jul 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်ချန်ဒူးဒေသမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများပါဝင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ လက်ခံတွေ့ဆုံသည်။
Jul 28, 2023
မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် ၃၀ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 28, 2023
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်သဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jul 28, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ရောက်ရှိပြီး အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်းစက်မှုလုပ်ငန်းများကုမ္ပဏီ၊ Vantage ကုမ္ပဏီ၊ ထူးထူးတိုးကုမ္ပဏီပိုင်အအေးခန်း စက်ရုံနှင့် ငါးအသားလွှာစက်ရုံ၊ ငါးအမှုန့်ကြိတ် စက်ရုံများသို့သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jul 28, 2023
MRTV DTH စနစ်တွင် ရုပ်သံလိုင်းများထည့်သွင်းထုတ်လွှင့်နိုင်ရန် Request For Proposal တင်သွင်းသည့် ကုမ္ပဏီများကအဆိုပြုလွှာများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Jul 28, 2023
ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့ (တတိယအကြိမ်) စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 28, 2023
အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်နိုင်စေရေး ရည်ရွယ်ကျင်းပသည့် International Conference on Engineering Education Accreditation 2023 (ICEEA 2023) အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။
Jul 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် ပြည်တွင်း၊ ပြည်ပမှစိန်ခေါ်မှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ ရှိနေသော်လည်း အားလုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြသောကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။
Jul 27, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
Jul 27, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Jul 27, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၄/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jul 27, 2023
၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
Jul 27, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 27, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 27, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်သည် ဆိုက်ဘေးရီးယန်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (Siberian Association for International Cooperation) ဥက္ကဋ္ဌ မစ္စတာပါးဗျောအော်စတာဗျော့ဟော်ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းကနေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 27, 2023
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 27, 2023
အမျိုးသားညီညွတ်ရေးအစိုးရအမည်ခံ NUG အကြမ်းဖက်အဖွဲ့ စတင်ပေါ်ပေါက်ချိန်မှစကာ ပြည်တွင်းရှိဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အကြမ်းဖက်တိုက်ခိုက်ရန် လူမှုကွန်ရက်မှတစ်ဆင့် မူဝါဒချမှတ်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်ကို ပြည်သူများ အမှတ်ထင်ထင်ရှိနေသေးသည်။ ဝန်ထမ်းများ ရုံးမတက်ရန်၊ ကျောင်းသူကျောင်းသားများ ကျောင်းမသွားရန် တားမြစ်ခြင်းနှင့်အတူ အုပ်စုဖွဲ့ဖိအားပေးမှုများ၊ အကျပ်ကိုင်ခြိမ်းခြောက်မှုများကိုလည်း အုံနှင့်ကျင်းနှင့်ပြုလုပ်ခဲ့ကြပြီး မည်သည့်အကြောင်း ကြောင့်ပင်ဖြစ်စေ ၎င်းတို့ဘက်မပါသူမှန်သမျှကိုလည်း ရန်သူအဖြစ်သတ်မှတ်ခဲ့သည်ကို အားလုံးသိကြပြီးဖြစ်သည်။