Aug 28, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ ရေမြေသဘာဝကောင်းမွန်ပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည်။ နိုင်ငံသားအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်သည်။
Aug 28, 2023
ယခုနှစ်မေလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံအချို့တို့တွင် ရေဝင်ရောက်မှုနှင့် ထိခိုက်ပျက်စီးမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ သက်တမ်းနှစ်ပေါင်း ၁၀၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းစေတီပုထိုး၊ ဂူကျောင်းအဆောက်အအုံများစွာတို့မှာ ခေတ်အဆက်ဆက်မှ လူသားတို့၏ ပယောဂများနှင့် ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်များကြောင့် မူလတည်ရှိခဲ့သော အရေအတွက်၏ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီဖြစ်သည်။
Aug 27, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 27, 2023
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၌ ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် သာသနိက အဆောက်အဦ ၁ လုံး၊ နေအိမ် ၄ လုံးနှင့် စပါးအခြောက်ခံစက် အဆောက်အဦ ၁ လုံးတို့ အမိုးလန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Aug 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို
Aug 27, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၆-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၉၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Aug 27, 2023
တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများ၌ ဌာနေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
Aug 27, 2023
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း)ကို ကြည့်ရှုစစ်ဆေးသည်။
Aug 27, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
Aug 27, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ရေသိုလှောင်ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 27, 2023
၂၀၂၃ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
Aug 27, 2023
နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကိုမှာကြားရာတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိလိုအပ်သော အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို
Aug 27, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင်ရှိ စီးပွားရေးစီမံခန့်ခွဲမှုပညာဌာန၌ ကျင်းပသော အကြိမ် (၂၀)မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်သည်။
Aug 27, 2023
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများအား အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များမှာကြားသည်။
Aug 27, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနရုံးဝင်းအတွင်း တိရစ္ဆာန်ဆေးကုဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 27, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards – IPSASs) (အပိုင်း-၁) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Aug 27, 2023
နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။