Skip to main content

Aug 25, 2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ (၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2023

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)တို့အကြား၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းတို့အကြား ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2023

​​​​​​​အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုနှင့် ယူကရိန်း-ရုရှားပဋိပက္ခတို့ကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်း ဆန်လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း များလည်း မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့်မူ မိုးစပါးပေါ်မည့်အချိန်သည် အယ်နီညိုဝင်ရောက်မည့်အချိန်နှင့် လွတ်ကင်းသည့်အတွက် မိုးစပါးအထွက်ကို မထိခိုက်နိုင်ခြင်းနှင့် မြေပြင်ဆန်လက်ကျန် ပမာဏတို့အရ ပြည်တွင်းဆန်ဖူလုံမှုရှိနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၆၇၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

(၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) ကို ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် လာဘွန်ဘာဂျိုးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

နိုင်ငံတစ်နိုင်ငံတွင် တိုးတက်ဖြစ်ပေါ်နေသည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာ ရရှိထားရေးသည် အလွန်အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိထားပါမှ နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ကမ္ဘာပေါ်ရှိနိုင်ငံများသည် သန်းခေါင်စာရင်းကောက်ယူရေးကို  စနစ်တကျ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

၂၀၁၉-၂၀၂၂ ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာ အချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ကျောင်းအခြေပြု စတင်ထိုးနှံပေးလျက်ရှိပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးဦးရေ တစ်သိန်းလျှင် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားသူ ၁၃ ဒသမ ၃ ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိရာ ရောဂါဖြစ်ပွားသူထက်ဝက်ကျော်တို့ သေဆုံးကြရသည်ကို တွေ့ရသည်။ တစ်ဖန် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ မှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ ဖြစ်ရာ သေဆုံးမှုနှုန်းမြင့်မားနေကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ်အာရှလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှစတင်ပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။    

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

(၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (41st ASEAN Ministers on Energy Meeting (AMEM) and Associated Meetings)၏ အကြို ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ နံနက်ပိုင်းကတနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သွားရောက်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ဧရိယာများ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရေးဆိုင်ရာများ၊ ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအပြင် ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ စားရေရိက္ခာဖူလုံရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်