Jul 23, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများအား ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
Jul 23, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဗဟို၊ တိုင်းဒေသကြီးနှင့် မြို့နယ် ကွင်းဆင်းအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
Jul 23, 2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ဇူလိုင်လ (၂၂) ရက်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
Jul 23, 2024
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါတည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၆-၄-၂၀၂၄)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီးဖြစ်ပါသည်-
Jul 23, 2024
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။
Jul 23, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအနီး မြင်းစီးအားကစားကွင်းအတွင်း၌ ကျင်းပသည်။
Jul 23, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်) အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
Jul 23, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Jul 23, 2024
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်းစိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။
Jul 23, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများအား ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။