Sep 03, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည် - (က) သာသနာ့ဝန်ထမ်းများ။ (ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။ (ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
Sep 03, 2024
(၁၉) ကြိမ်မြောက်အာရှမီဒီယာထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(AIBD) မှ စီစဉ်ကျင်းပလျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
Sep 03, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Sep 03, 2024
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 03, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပပြုလုပ်သည်။
Sep 03, 2024
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Sep 03, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် တင်မြှောက်ခံရသူများစာရင်းကို ဖြည့်စွက်ပြင်ဆင်အသိပေးကြေညာခြင်း
Sep 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ်လ ၃၀ ရက်နေ့က နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး စသည်တို့နှင့်ပတ်သက်၍ နိုင်ငံတော်တွင်ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်စေရန်အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ကျရာတိုင်းဒေသကြီးမှတစ်ဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Sep 03, 2024
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် MNDAA လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး မူလက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းပေးထားခဲ့သည့် AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြန်လည်ကြေညာလိုက်ပြီဖြစ်သည်။ တိုင်းရင်းသားအမည်ခံ အဆိုပါလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုမြောက်သည့်လုပ်ရပ်များကို ကျူးလွန်နေကြသည့် အဖွဲ့များဖြစ်ကြပြီး အပြစ်မဲ့ပြည်သူ တစ်ဦးချင်းအပေါ်တွင်လည်းကောင်း၊ အများပြည်သူတို့အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြခြင်းဖြစ်သည်။
Sep 02, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။