Skip to main content

Apr 03, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာစာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား ကျောင်းသူများ Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာဖြေဆိုနေမှု၊ ရေးဖြေစာမေးပွဲခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသားကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌ Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပသည့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ ဇဝနသိဒ္ဓိရပ်ကွက် ချင်းရွာအနီးသီရိရတနာလမ်းနှင့် နေကြာ (၈) လမ်းထောင့် နေပြည်တော်၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ စံကော်မတီဝင်များ၊ ကျွမ်းကျင်မှုစံ ရေးဆွဲကြမည့် Technical Working Group (TWG) အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ NSSA မှ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia လေကြောင်း ခရီးစဉ်ဖြင့်ထွက်ခွာသွားရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဌာန ဆိုင်ရာအကြီးအကဲများက လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်အမှူးပြုသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများအတွက် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင် မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ အောင်ဆန်းခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို အာဏာတည်သက်ဝင်စေခဲ့ပြီးဖြစ်သည်ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့ သိကြပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

လူတို့အတွက် မဖြစ်မနေလိုအပ်သော အဓိကလိုအပ်ချက်များဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးကို ဒုတိယအရေးအကြီးဆုံးကဏ္ဍအနေဖြင့် အသိအမှတ်ပြုထားသည်။ အဝတ်အစားသည် စားရေးကဲ့သို့ပင် လူသားတို့အတွက် အစဉ်အမြဲလိုအပ်နေသော ကုန်ပစ္စည်းဖြစ်သည်။ ထိုကုန်ပစ္စည်းအတွက် ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်ကြသည့်လုပ်ငန်းများကို နိုင်ငံတိုင်းနိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့က ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း (SMVTI) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး U - 25 ဘောလုံးပြိုင်ပွဲ (အမျိုးသား) တံခွန်စိုက်ဆုရ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal League (II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပသည့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) အောင်မြေ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်