Skip to main content

Apr 04, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၇ ဌာန တို့၌ သတ္တမနေ့အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာ‌မေးပွဲ ကို စာဖြေဌာန ၂၁၆ ဌာနတို့၌ ပထမနေ့အဖြစ်လည်းကောင်း ဖြေဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ Hybrid အစီအစဉ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကက် ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဦးမြင့်ဌေး၏ ခန့်အပ်လွှာကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ၍ ၎င်းအား အသိအမှတ်ပြု စာချွန်လွှာပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုး မွေးမြူရေးဇုန်အတွင်း ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှုများ၊ ကျောက်စိမ်း တစ်သျှူးငှက်ပျော (သီးမွှေး)စိုက်ပျိုးထားရှိမှုများ၊ မြေစိုက် ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ မေထုန်မဲ့နည်းပညာဖြင့် နို့စားနွား နှင့် အသားတိုးနွားများ မွေးမြူထားရှိမှု၊ DYL မျိုးမြင့်ဝက်များ မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၇) သီဟတပ်ခွဲသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၇) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်း၊ ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏မိဘဆွေမျိုးများနှင့်နည်းပြများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

နိုင်ငံလိုအပ်ချက်အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့တို့၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ အာဏာတည်အသက်ဝင်ပြီး လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2024

စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ်ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။

ဆက်လက်ဖတ်ရှုရန်