Aug 18, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Shan International Co,Ltd ငါးအအေး ခန်းစက်ရုံ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
Aug 18, 2024
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Aug 18, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့ အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
Aug 18, 2024
ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံ သမိုင်းပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ အခြေခံပညာနှင့် တက္ကသိုလ်အဆင့်တို့တွင် တက်ရောက်ပညာ သင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီးများတက်ရောက်သည်။
Aug 18, 2024
အိန္ဒိယနိုင်ငံအစိုးရက ယနေ့တွင် 3rd voice of Global South Summit ညီလာခံကို “An Empo-wered Global South for a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီ Shri Narendra Modi တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အဆိုပါညီလာခံ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို “One World, One Health” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားသည်။
Aug 18, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့သည် ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်သည်။
Aug 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ ကူဘင်ကာဒေသတွင်ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (International Military Technical Forum)(ARMY-2024) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံရုံးမှစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Aug 18, 2024
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်အမျိုးမျိုး စုပြုံတန်းစီတိုးနေသည့် မြင်ကွင်းများကို နေ့စဉ်တွေ့မြင်နေရသည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ထိုကဲ့သို့ စုပြုံတန်းစီသည့်အဖြစ်မျိုး ရှိခဲ့ဖူးသည်။ မော်တော်ယာဉ်ကြီးငယ်အမျိုးမျိုး သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင်ရှိနေပြီး အခြားမြို့ကြီးများတွင်လည်း ယာဉ်အမြောက်အမြားရှိနေသဖြင့် စက်သုံးဆီကိစ္စသာမက ယာဉ်နှင့်လမ်းဆိုင်ရာတို့တွင်ပါ စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။
Aug 18, 2024
(၁၀) နှစ်လျှင်တစ်ကြိမ်ကောက်ယူရမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော်ခန့်သာ အချိန်ကျန်ရှိနေပြီဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁) ကြိုတင်ပြင်ဆင်ခြင်း၊ (၂) စာရင်း ကောက်ယူခြင်း၊ (၃) စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်း၊ (၄) အစီအရင်ခံစာထုတ်ပြန်ခြင်းဟူသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ လပေါင်းများစွာဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများပြီးဆုံးရန် နီးကပ်လာချိန်ဖြစ်သည်။
Aug 17, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 17, 2024
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့ သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၂၄၉၀ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) မှ သိရသည်။
Aug 17, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 17, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Antique Floor Tile ၂၇၈၄ စတုရန်းမီတာအပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၀၀၈၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်ဆေးဝါး Aci Clovior Tablets ကူးစက်ရောဂါကာကွယ်ဆေး ၁၀ လုံးပါ ကတ် ၁၂၀၊ အိန္ဒိယနိုင်ငံထုတ်ဆေးဝါး Erlotinib ကင်ဆာရောဂါကာကွယ်ဆေးအမျိုး ၂၀ အပါအဝင် ဆေးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၅၀၅၀၀) ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၅၁၃၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 17, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်္ဂလိပ်စာနှင့် AI နည်းပညာရပ်များကို နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ်အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်းအားပေး စကားပြောကြားပြီး အဆောင်နေကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။
Aug 17, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 17, 2024
(၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး (Forty-Sixth Meeting of the High-level Task Force on ASEAN Economic Integration-46th HLTF-EI) ကို ဩဂုတ် ၁၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်သည်။
Aug 17, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်မားရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
Aug 17, 2024
၂၀၂၄ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်
Aug 17, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ ဒုတိယနေ့အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
Aug 17, 2024
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။