Aug 21, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့သွားရောက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံအဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက် တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် နောင်လုံကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Smart Fabric Softener ဆပ်ပြာအမွှေးဆီ အထုပ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
တိရစ္ဆာန်ဆေးဝါး၊ အစာနှင့် မျိုးတိရစ္ဆာန်များ ပြည်ပမှတင်သွင်းနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2024
ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စက်တင်ဘာ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့” အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများက ယင်းနေ့တွင် အခမ်းအနားများကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ ၂၇ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ယင်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Aug 21, 2024
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
Aug 21, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Aug 21, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိရာ တစ်နေ့တန် ၂၀ ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ်လည်ပတ်မောင်းနှင်နေမှု၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့်စနစ်များ စစ်ဆေးပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2024
ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို ကြုံတွေ့ခဲ့ကြရသည်။ တစ်ကမ္ဘာလုံးအား အန္တရာယ်ပေးလာနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အသိပေးထုတ်ပြန်ကြေညာပြီး ရောဂါကာကွယ်ကုသထိန်းချုပ်ရေးကို အပြင်းအထန်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါရောဂါမှာ ကင်းစင်သလောက်ရှိပြီဖြစ်သည်။
Aug 21, 2024
မြန်မာနိုင်ငံတွင် သမဝါယမစနစ်တည်ရှိခဲ့သည်မှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၁၂၀ တင်းတင်းပြည့်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော သမဝါယမအသင်းအဖြစ် ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့သည့် မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းမှ အစပြုခဲ့သော သမဝါယမစနစ်သည် ခေတ်အဆက်ဆက်တွင် အနိမ့်အမြင့်၊ အတက်အကျများဖြင့် ဆက်လက်ရှင်သန်နေခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
Aug 20, 2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်း စသည့်မြို့နယ်များတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေကြောင်း၊ ညဘက်လူအိပ်ချိန်တွင် အိမ်ထဲထိ ဝင်ရောက်ဆွဲခေါ်နေကြောင်း၊ အသက်မပြည့်သေးသောသူများလည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ်တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေးထိုးခိုင်းနေကြောင်းစသည်ဖြင့် မဟုတ်မမှန်ဝါဒဖြန့်သတင်းများကို ပြည်ဖျက်မီဒီယာ DVB က အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေသည်ကို သိရသည်။
Aug 20, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၇ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 20, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Aug 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 20, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 20, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီး ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်ကို ကြည့်ရှုစစ်ဆေးသည်။
Aug 20, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မန္တလေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 20, 2024
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 20, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံရိပ်သာခန်းမ၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။