Skip to main content

Aug 17, 2024

အာဆီယံ - တရုတ်ရက်သတ္တပတ် - ၂၀၂၄ (ASEAN China Week) ကို အာဆီယံ - တရုတ်ဘက်စုံမဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု - ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ် ချန်ကျိမြို့ ချန်ကျိဘင်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Changzhi Binhu Cultural and Tourism Services Center) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာရှိ New Asia Hi-Tech Seeds ကုမ္ပဏီသို့ သွားရောက်၍ ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးသီးနှံမျိုးစေ့ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မအူပင်မြို့နယ် တိုးရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၀ ရှိရာတွင် စက်သုံးဆီဝယ်လိုအားများ သိသိသာသာမြင့်တက်လာရာ အချို့ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့်သွားစဉ် ခေတ္တအရောင်းရပ်ထားခြင်းများကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်ဖြင့် ဝယ်ယူသုံးစွဲလိုမှု များပြားလာပြီး ယခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အလျင်အမြန်ရောင်းချပေးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူများက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

လူငယ်လူရွယ်များသည် နုပျိုလန်းဆန်းတက်ကြွကြသည့် အရွယ်များဖြစ်သည်နှင့်အညီ စူးစမ်းလေ့လာမှု၊ ဆန်းသစ်တီထွင်မှု၊ စွန့်လွှတ်စွန့်စားမှုတို့ကို အထူးစိတ်ဝင်စားကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ပညာရေးတွင် ကြီးစွာရင်းနှီးမြှုပ်နှံပေးပြီး လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိသည်။ မွေးထုတ်ပေးထားသော မျိုးဆက်သစ်များ စွမ်းပကားဖြင့် နိုင်ငံတိုးတက်ရေးတွင် ပါဝင်စွမ်းဆောင်အထောက်အကူပြုပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

မျောက်ကျောက်ရောဂါသည် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ်အတွင်းကလည်း မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ပြီးဆုံးသွားခဲ့သော်လည်း ယခုအကြိမ်တွင် မျောက်ကျောက်ရောဂါသည် ပိုမိုပြင်းထန်သည့်ပုံစံဖြင့် တစ်ကျော့ပြန်ပေါ်ထွက်လာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၆၀ ကျော်ကို ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေကူညီပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

​​​​​​​ကိုဗစ် - ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

မြန်မာနိုင်ငံပြန်တမ်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ်(၅၁) စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

မြောင်းမြအကျဉ်းထောင်တွင် ထောင်အရာရှိနှင့် တန်းစီးများက နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်နေ ခေါင်းစဉ်ဖြင့် Tachileik New Agency အမည်ခံ Facebook Page ၌ ဩဂုတ် ၁၃ ရက်က သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်စွပ်စွဲ ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2024

ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ၏ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်