Skip to main content

Aug 24, 2024

တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကို ယနေ့တွင် Video Conferencing စနစ်ဖြင့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် Focal Point ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံအမျိုးသမီးကော်မတီ (ACW) Focal Point နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီး အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက Online ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက သင်ကြားရေးနှင့် သင်ယူရေးအဖွဲ့၏လုပ်ငန်းစဉ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် ခေတ်နှင့်လျော်ညီသော သင်ရိုးများနှင့် သင်ပြနည်းများကိုသုံးသပ်ခြင်း၊ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင် အထောက်အကူပေးခြင်း၊ သုတေသနလမ်းညွှန်မှု ပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အဆင့်မြင့်ပညာ ကဏ္ဍ၌ သုတေသနလမ်းညွှန်မှုပေးခြင်း၊ သုတေသန ပြုနိုင်မည့်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ သုတေ သနပညာရှင်များ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာဖြန့်ဖြူးရေးနှင့် ပညာပြန့်ပွားရေးလုပ်ငန်းစဉ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးနည်းပညာ (Information Technology) နှင့် ကွန်ပျူတာနည်းပညာများ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်း၊ သုတေသီများ၏စာအုပ်၊ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခွင့်ဖန်တီးပေးခြင်း၊ ပညာရပ်ဆိုင်ရာစာအုပ်များကို ဘာသာပြန်ဆိုခြင်း၊ ပြည်တွင်း၊ ပြည်ပပညာရှင်ကြီးများအား ဖိတ်ခေါ်ပြီး ပညာပေးဟောပြော ပွဲများကျင်းပခြင်း၊ ပညာရှင်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တွင် ဘာသာရပ်အသီးသီးမှ ထူးချွန်သုတေသီများနှင့် ပညာရှင်များအား ဆုချီးမြှင့်ခြင်း၊ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲရဲဝံ့ဝံ့သက်စွန့်ဆံဖျား စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများ၊ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်း အဝေး(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးကြည်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ရုရှားသံရုံးမှ ယဉ်ကျေးမှုသံမှူးနှင့်အဖွဲ့ဝင်တို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယိုအေ၌ကျင်းပသည့် Friday Night Show အစီအစဉ်တွင် MRTV Orchestra တီးဝိုင်း၏ “International Songs” ဖျော်ဖြေရေးအစီအစဉ်ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်နှင့်ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

လူကုန်ကူးခြင်းကို “ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း နည်းလမ်းများ သို့မဟုတ် အင်အားသုံးခြင်း သို့မဟုတ် အတင်းအကျပ်ခိုင်းစေခြင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ အာဏာအလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် အင်အားချည့်နဲ့သည့် အခြားပုံစံများ သို့မဟုတ် အခြားလူတစ်ဦးပေါ်တွင် ထိန်းချုပ်မှုရှိသည့် လူတစ်ဦး၏သဘောတူညီချက်ကိုရရှိရန် ငွေပေးချေခြင်း သို့မဟုတ် အကျိုးခံစားခွင့်များကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း စသည့်နည်းလမ်းတို့ဖြင့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း သို့မဟုတ် လူအများကိုလက်ခံထားခြင်း”ဟု ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2024

စမတ်ဖုန်းများကို အရွယ်သုံးပါးသုံးစွဲကြခြင်းက မျက်မှောက်ခေတ်၏ ခေတ်ပြိုင်လူနေမှုဘဝပုံစံ အတော်များများကို ပြောင်းလဲသွားစေသည်။ သွားလေရာကို ယူဆောင်သွားနိုင်ကြသည့် စမတ်ဖုန်းများကိုအသုံးပြုကာ လူမှုကွန်ရက်များတွင် အချိန်များစွာကုန်ဆုံးနေကြခြင်းကြောင့် ရုပ်ရှင်ရုံများကို ကျောခိုင်းလာကြသလို ရုပ်မြင်သံကြားကြည့်ရှုချိန်များလည်း များစွာလျော့ကျသွားကြသည်။ သုတရသစာအုပ်များဖတ်ရန်လည်း အချိန်ရောငွေပါမပေးလိုတော့။ ကျောင်းနေအရွယ်ကျောင်းသားများ စမတ်ဖုန်းနှင့် အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ပစ္စည်းများကို အလွန်အကျွံသုံးစွဲလာကြသည့်အခါ ပညာသင်ယူမှုအပေါ် ထိခိုက်လာစေသည်သာမက အခြားဆိုးကျိုးသက်‌ရောက်မှုများ ဖြစ်ပေါ်စေခြင်းကြောင့် ယင်းအပြုအမူများကို အိမ်တွင်ရောကျောင်းတွင်ပါ ကွပ်ကဲထိန်းချုပ်ရန်လိုအပ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင် ပင်လယ်ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) မှ Country Director ဖြစ်သူ Ms. Sara Austin Netzer ဦးဆောင်သောအဖွဲ့ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် CL-2 တိုက် (၁၀) အခန်း (၁၄) နေ ဒေါ်ဝင်းဝင်းမော် (၅၃) နှစ်သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ရုံးမှနေအိမ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိစဉ် အိပ်ခန်းရှိ ဗီရိုအတွင်းထားရှိသော ငွေကျပ်ရောရာ ၄၈၅၈၀၀၀၀ အနက် ငွေကျပ် ၈၀၀၀၀ ကိုသာတွေ့ရှိရပြီး ငွေကျပ် ၄၈၅ သိန်းမှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) နယ်မြေ ရဲစခန်း (ပ) ၃၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2024

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ခေမာသီရိကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်