Skip to main content

Feb 06, 2025

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သံယာတော် ၁ ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ပြီး “ပွဲညရဲ့ ဇာတ်ခုံ” အစီအစဉ်ဆန်းသစ်တင်ဆက်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD Channel မှ ဇန်နဝါရီ ၂၅ ရက် စနေနေ့မှစ၍ အပတ်စဉ်ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV HD Channelမှ အပတ်စဉ် စနေနေ့တိုင်းထုတ်လွှင့်ပြသလျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက် စနေနေ့ မွန်းလွဲ ၁၁ နာရီတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မူလတန်းကြိုကျောင်းနှင့် လှိုင်(၁)မူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channelမှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

မြိတ်မြို့တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၆ ဒသမ ၆၂၂၄ တန်၊ သစ်မာ ၉ ဒမသမ ၄၁၇၄ တန်၊ အခြား ၆၂ ဒသမ ၂၃၀၆ တန် စုစုပေါင်း ၈၈ ဒသမ ၂၇၀၄ တန်၊ ယာဉ်/ယန္တရားသုံးစီး၊ ပြစ်မှုကျူးလွန်သူ ၁၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ရောင်နီဦးလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ တောင်ကြီးမြို့နယ် ပန့်ပုန်းကျေးရွာရှိ ပန်းချယ်ရီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ပင်းတယမြို့နယ် ပွေးလှကျေးရွာရှိ ပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းများရှိ အသင်းသားပိုင်ယာမြေများတွင် အသင်းသားတောင်သူများက ဆီနေကြာများစိုက်ပျိုးထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်