Skip to main content

Nov 14, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် (၂၀၂၄ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၁၄ ရက် (ကြာသပတေးနေ့) မှစ၍ ကျောင်းအပ်လက်ခံပြီး နိုဝင်ဘာ ၂၁ ရက် (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ရောက်ရှိပြီး လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်း သင်တန်း (၃/၂၀၂၄) နှင့် ဂဟေဆက်သင်တန်း (၄/၂၀၂၄) သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်းအိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စက်ရုံစုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

လှိုင်မြစ်ကူး ရွှေပြည်သာတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါ တံတားမြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီ သံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သဖြင့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ (ဗိုလ်ချုပ်ကြီး မဟာသရေ စည်သူ စိုးဝင်း)-ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ)မိသားစု၊ ဦးကျော်ညွန့်ရည် - ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တက္ကသိုလ်တင်မောင်ထွေး (နတ်ရေကန်) အားရည်စူး၍ နတ်ရေကန်မိသားစုတို့က ငွေကျပ် ၁၀ သိန်းစီ၊ ဦးဝေလွင် (အမျိုးသားစာပေဆုရ ဝေလွင်မောင်) နှင့် တောင်ဥက္ကလာပ မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသိန်းစီ၊ အမျိုးသားစာပေဆုရ ဦးကျော်မြင့် (GA) က ငွေကျပ်သုံးသိန်း၊ ဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်) အားရည်စူး၍ သမီး ဒေါ်ချိုချိုလတ်က ငွေကျပ် ၂၅ဝဝဝဝ၊ ဦးဖေသက်ညွန့် (ဆွေဇင်ညွန့်) မိသားစုက ငွေကျပ်နှစ်သိန်း၊ ဦးမောင်မောင်မြင့်အေး (လာဘ်မိုးစွေစာပေတိုက်)-ဒေါက်တာစောယုနွယ်မိသားစုက ငွေကျပ် ၁၅ဝဝဝဝ၊ အောင်မြေသာစံမြို့နယ်စာရေးဆရာအသင်းက ထပ်မံလှူဒါန်းငွေကျပ် ၁၃၀၀၀ဝ၊ စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့ မိသားစု၊ ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ ပန်းဘဲတန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်အောင် (ဝါးခယ်မ)၊ လေအန်ကုန်းစာပေရပ်ဝန်း၊ အလင်္ကာကျော်စွာ စာရေးဆရာကြီး တင့်တယ်မိသားစု၊ အလင်္ကာကျော်စွာ ဆရာကြီးသူရဇော်-(ခင်- တိုင်းရင်းမေ) စာပေမောင်နှံမိသားစု၊ ဒေါက်တာမောင်မောင်မြင့်-ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)၊ ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)၊ ဆရာဇော်ထူးနိုင် (စာပေနှင့်ဂမ္ဘီရ)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆပ်ကော်မတီအဖွဲ့ဝင် များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Great Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်က ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

မန္တလေးတိုင်းဒေသကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ အာဆီယံဘဏ်များအသင်း အထွေထွေ အတွင်းရေးမှူး Mr. Paul C.G.Gwee၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့် အဖွဲ့တို့ကို လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိကျင်းပသည့် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ချူရှုံ့ပြည်နယ်ခွဲများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတွင်ထားရှိပြီး အများပြည်သူဖတ်ရှုလေ့လာနိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၈) ရက်မှ (၂၇) ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၂၀၂၄ ခုနှစ်၊ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၂၀၂၄ ခုနှစ်၊ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ

ဆက်လက်ဖတ်ရှုရန်