နေပြည်တော် ဇွန် ၂၈
ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင်အားကစားသမားများ လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန် YRG ကလပ်အသင်း အားကစားအဖွဲ့အား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်ကလည်းကောင်း၊ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အမျိုး သားလေးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဂုဏ်ပြု ဆုငွေများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ပဏာမလက်ရွေးစင်အားကစားသမားများ လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် Gold Camp မှ အားကစား သမား ၂၄ ဦး၊ Youth Camp မှ အားကစားသမား ခြောက်ဦးနှင့် ရန်ကုန် YRG ကလပ်အသင်းမှ အားကစားသမား ၁၈ ဦး စုစုပေါင်း ၄၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်