Nov 21, 2024
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် တီမောလက်စ်တေလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ Hybrid ပုံစံဖြင့် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံးအရာထမ်းတို့က Online Platform မှ တက်ရောက်ကြပြီး ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များက In person တက်ရောက်ခဲ့ကြသည်။
Nov 21, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
Nov 21, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy နှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2024
ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်နိုင်ရေးအကြို ညိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
Nov 21, 2024
(၃၅) နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။
Nov 21, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိလာကြသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများကို တွေ့ဆုံ၍ တည်းခိုနေထိုင်နိုင်ရန် နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Nov 21, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund to Fight AIDS, Tuberculosis and Malaria - Global Fund) မှ Senior Fund Portfolio Manager- Ms. Maria Izaskun Gaviria Ayucar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 21, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
Nov 21, 2024
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်
Nov 21, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Nov 21, 2024
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Nov 21, 2024
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးကောင်းမွန်မှုသည် အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသဖွံ့ဖြိုးမှုကို ထိရောက်စွာမလုပ်နိုင်။ ဒေသဖွံ့ဖြိုးတိုးတက်မှုရှိသော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် အချည်းနှီးဖြစ်နိုင်။ စီးပွားရေးကောင်းမွန်ပါသော်လည်း ပြန်လည်ထူထောင်ရေးကို အကြိမ်ကြိမ်ပြုလုပ်နေရသဖြင့် ရှေ့သို့မတက်လှမ်းနိုင်စသည့် အဟန့်အတားများကို ပြည်သူလူထုနှင့်အတူလက်တွဲ၍ ကျော်လွှားသွားကြရမည်ဖြစ်သည်။
Nov 21, 2024
ကမ္ဘာ့လူသားအားလုံး၏ ၉၂ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောလေကို ရှူခွင့်မရကြဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (ယူအင်န်အီးပီ) ကဆိုသည်။ ညစ်ညမ်းသောလေကို ရှူရှိုက်နေကြရခြင်းကြောင့် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် လူခုနစ်သန်းခန့် အချိန်မတိုင်မီ သေဆုံးနေကြရာ အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှုက ပိုမိုများပြားသည်။ မိုးအကုန် ပွင့်လင်းရာသီသို့ ရောက်သည့်အခါတိုင်း တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များဖြစ်ပေါ်လေ့ရှိရာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေခြင်းကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ ကြိုးပမ်းဆောင်ရွက်နေကြရသည်။
Nov 20, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စံကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးတွင် ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Nov 20, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Nov 20, 2024
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။
Nov 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Nov 20, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းခရီးသွားယာဉ်ပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ပစ်ခတ်၍ ဘုန်းကြီးတစ်ပါး အပါအဝင် ပြည်သူလေးဦး သေဆုံးသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။