Aug 04, 2020
ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်းဒါလ်းသည် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရမှ ထောက်ပံ့သော အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီက သွားရောက်ပေးအပ်ကြောင်း သိရသည်။
Aug 04, 2020
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့ကာလအထိ မြေယာလောက၌ ရေပန်းစားလာသောစကားရပ် တစ်ခုမှာ “အခြားနည်းသုံးစွဲခွင့်” ဆိုသည့် စကားရပ်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် အဆိုပါ စကားရပ်အပေါ် နားလည်မှုလွဲမှားစွာဖြင့် ကောက်ချက်ချဆောင်ရွက်မှုများ တွေ့ရှိနေရပြီး ယခုတိုင် ဖြေရှင်း၍ ပြီးဆုံးနိုင်ခြင်းမရှိသေးသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ကိစ္စရပ်များ၌လည်း ထဲထဲဝင်ဝင်ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ‘အခြားနည်းသုံးစွဲခွင့်’ဆိုသည့် ဝေါဟာရ အနက်အဓိပ္ပာယ်သဘောနှင့် အဆိုပါ အခြားနည်းသုံးစွဲခွင့်ပြုချက် ရရှိထားသည့် မြေအား ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည့် အကြောင်းအရာများကို လေ့လာရေးသား တင်ပြရခြင်း ဖြစ်ပါသည်။
Jul 15, 2020
နေပြည်တော် ဇူလိုင် ၁၄
တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။
Jul 15, 2020
နေပြည်တော် ဇူလိုင် ၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ဆင်နက်ချောင်ကျေးရွာမှ ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင် များ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် သားသမီး မြေးများက လှူဒါန်းသည့် ရုပ်မြင်သံကြားပြစက်နှင့် Skynet စက်တစ်စုံတို့အား ပေးအပ်လှူဒါန်းသည်။
Jun 26, 2020
နေပြည်တော် ဇွန် ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Jun 25, 2020
နေပြည်တော် ဇွန် ၂၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကို မြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီ၌ ကျင်းပသည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
Jun 25, 2020
နေပြည်တော် ဇွန် ၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။
May 23, 2020
နေပြည်တော် မေ ၂၂
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 06, 2020
နေပြည်တော် ဇွန် ၄
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ပိုင်း တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 17, 2020
မိဘပြည်သူများနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာတွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူ များနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနို
Apr 10, 2020
နေပြည်တော် ဧပြီ ၉
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 01, 2020
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် သတင်းမှား များဖြင့် အထိတ်တလန့်ဖြစ်စေမှုများကို ရှောင်ရှားရန် အသိပညာပေးဆွေးနွေးပွဲကို မတ် ၂၆ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် ထုတ်လွှင့်ခဲ့သည်။
Apr 01, 2020
နေပြည်တော် မတ် ၃၁
ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော် သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 31, 2020
၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း မူလပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲများအပြင် မိသားစုနှင့်အတူ အပန်းဖြေအနားယူကြမည့်
