နေပြည်တော် ဒီဇင်ဘာ ၂၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း အားကစားရုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ငါးနှစ်တာကာလစီမံချက် ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားကွင်း ကွင်းရုံတာဝန်ခံ အင်ဂျင်နီယာများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ ရှေးဦးစွာ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်းရှိ အားကစားလေ့ကျင့်ရေး စခန်း(၁)၊ လယ်ဝေးရှိ အားကစားလေ့ကျင့်ရေးစခန်း(၂)၊ မြင်းစီးအားကစားကွင်း၊ ပီတန်အားကစားကွင်း၊ ဘိလိယက်စနူကာအားကစားကွင်း၊ ငလိုက်ဆည်အားကစားလေ့ကျင့်ရေးစခန်း၊ BXM၊ အားကစား ကွင်းတာဝန်ခံအင်ဂျင်နီယာများက အားကစားကွင်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်မြို့ ရှိအားကစားကွင်းအားကစားရုံများဖြစ်ကြသော အမျိုးသား အားကစားရုံ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ သိမ်ဖြူတင်းနစ် အားကစားကွင်း၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၊ သိမ်ဖြူ ဟော်ကီကွင်း၊ အမျိုးသားကြက်တောင်အားကစားရုံ၊ ကျိုက္ကဆံဘတ်စကက်ဘောရုံ၊ ရန်ကုန်အမျိုးသားရေကူး ကန်(ဦးဝိစာရ) အစရှိသော အားကစားကွင်း/ရုံတာဝန်ခံများက မိမိတို့၏ အားကစားကွင်းအားကစားရုံများ၏ လက်ရှိဆောင်ရွက်နေမှုကိုလည်းကောင်း၊ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ဘက်စုံသုံးအားကစားရုံ စက်ဘီးကွင်း၊ ဂေါက်လေ့ကျင့်ရေးကွင်း တာဝန်ခံအင်ဂျင်နီယာများ က အားကစားကွင်းအားကစားရုံများ လက်ရှိအသုံးပြုဆောင် ရွက်နေသည့် အခြေအနေကိုလည်းကောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ အားကစားရုံတာဝန်ခံများက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိမြို့နယ်များမှ အားကစားကွင်းအားကစားရုံများ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က တစ်နိုင်ငံလုံးရှိ အားကစားကွင်းအားကစားရုံများ ပျက်စီးယိုယွင်းနေမှု အား ပြုပြင်ထိန်းသိမ်းရာတွင် ဦးစားပေးလုပ်ငန်းစဉ်များ စိစစ်၍ နှစ်အလိုက် ဘတ်ဂျက်စိစစ်တောင်းခံတင်ပြရန် လိုအပ်ပါကြောင်း၊ အားကစားကွင်းရုံများ ထိန်းသိမ်းရာတွင် နိုင်ငံတကာ အားကစားကွင်းအားကစားရုံများ ထိန်းသိမ်း ဆောင်ရွက်နေမှုများကို လေ့လာပြီး မိမိတို့ မည်သို့ လုပ်ဆောင်ရမည်ကို ကြိုးစားဆောင်ရွက်သင့် ပါကြောင်း၊ အားကစားကွင်းအားကစားရုံများ ထိန်းသိမ်းရာတွင် နေ့စဉ်စစ်ဆေးမှု၊ ဆောင်ရွက်မှုများ မှတ်တမ်းထားရှိရန် လိုအပ်ပြီး ပျက်စီးမှုတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန် လိုအပ်ပါကြောင်း၊ အမျိုးသားရေကူးကန်တွင် Fitness Center ထားရှိရန် သက်ကယ်သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်တွင် ဆောင်းရာသီအားကစားနည်းများ ရေခဲတောင်အားကစားနည်းများ ကျင်းပရန် ရေခဲတောင်ဒေသရှိ နေရာများအား ပြည်နယ်အစိုးရကို တင်ပြ၍ သွားရောက် ကြည့်ရှုလေ့လာရန် လိုအပ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာတွင် သဲသောင်ပြင် အားကစားနည်းများ ကျင်းပရန်အတွက် ကြိုတင်ဖြည့်ဆည်း ထားရှိရန်လိုအပ်ပါကြောင်း၊ အားကစားကွင်းအားကစားရုံ တည်ဆောက်ရာတွင် မြေပိုင်ဆိုင်မှုသေချာအောင်ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အအုံများ
ဆောက်လုပ်ရာတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီ သည့်အတွက် ရာသီဥတုဒဏ်၊ မြေငလျင်ဒဏ်၊ သဘာဝဘေး ကျရောက်နိုင်မှုအခြေအနေများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် အားကစား ကွင်းအားကစားရုံအသုံးပြုသူများအတွက် အားကစား လေ့ကျင့်ရာတွင် ဘေးကင်းလုံခြုံမှုရရှိစေရန် အထူးဦးစား ပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး အားကစား ကွင်းရုံများအား Software စနစ်ဖြင့် ထိန်းချုပ်၍ ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်သင့်ပါ
ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေဂရမ် ခွင့်ပြုမိန့်ရရှိပြီးစီးပါက ဦးစွာ ခြံစည်းရိုးကာခြင်း လုပ်ငန်းကို လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ထိုမှသာ ကျူးကျော် ကိစ္စများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစား ကွင်းရုံများ စိမ်းလန်းစိုပြည်ရေးအတွက်အလေးပေးဆောင် ရွက်ကြစေလိုကြောင်း၊ တာဝန်ခံအင်ဂျင်နီယာများ နိုင်ငံတကာတွင် ကျင့်သုံးနေသော အားကစား ကွင်း/ရုံ ပြုပြင် ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများကို လေ့လာရန် လိုအပ်ပါကြောင်း၊ အား/ကာ သိပ္ပံကျောင်းများတွင် ဆေးခန်း နှင့် စမ်းသပ်ခန်း၊ Fitness Center များကိုသီးခြားစီထားရှိရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများ အားကစားကို လာရောက်လေ့ကျင့် အသုံးပြုနိုင်စေရန်အတွက် စည်းရုံး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ။
သတင်းစဉ်