Skip to main content

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၉

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၉) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့နှင့် အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ဝန်ကြီးဌာနထံ လာရောက်လှူဒါန်းမှုကို လက်ခံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ဒီးမော့ဆို          ဖေဖော်ဝါရီ        ၉

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၆) နှစ်မြောက် လွိုင်ကော် ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်သခင်မ (ဆော်ဘော့သ) ယူဆမိုဆို မယ်တော် လိုဏ်ဂူပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ အခမ်အနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ယူဆမိုဆိုကျေးရွာ တိုက်နယ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၉

မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ပေါင် ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ် ထားသော ပေါင်မြို့နယ် အ.လ.က (သဲဖြူကုန်း) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ဟားခါး ဖေဖော်ဝါရီ  ၉

အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၏၂၀၁၈−၂၀၁၉ ခု၊ ပညာသင်နှစ်တွင် A.G.T.I(တတိယနှစ်) အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား A.G.T.I ဒီပလိုမာအောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

မော်လမြိုင်        ဖေဖော်ဝါရီ        ၉

(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ သံလွင်ဥယျာဉ် မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

လွိုင်ကော်    ဖေဖော်ဝါရီ  ၉

နည်းပညာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နည်းပညာမြင့်မားရေး စသည့်ကဏ္ဍများအတွက် အထောက်အပံ့ဖြစ်စေပြီး ပြည်နယ်အတွင်း အင်ဂျင်နီယာဆိုင်ရာ ကဏ္ဍများအတွက် အတတ်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ဘားအံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

 

ရန်ကုန် ဖေဖော်ဝါရီ ၈

 

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်ရမည့် ပြိုင်ဘက် ထွက်ပေါ်လာပြီဖြစ်သည်။ အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ကျင်းပမည့်နေရာနှင့် ရက်ကိုမူ ONE Championship က ပြန်လည် ထုတ်ပြန်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဒေသနေ ပြည်သူများ နှင့် ယနေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ၈  ဖေဖော်ဝါရီ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယဂဏာဓိပတိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရာမပါဠိ တက္ကသိုလ် တောင်ပေါ်ကျောင်းတိုက် ပဓနနာယကဆရာတော် သက်တော် ၈၂ နှစ်၊ သိက္ခာတော် ၆၂ ဝါရှိ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မာလင်္ကာရ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကို ယနေ့တွင် ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်များက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာ ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

မန္တလေး ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင် ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှာခေါင်းစည်း (Surgical Mask) ငါးသန်း ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကော်မရှင်ရုံးစုပေါင်းခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

မုံရွာ ဖေဖော်ဝါရီ ၁၀

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ (ရွှေလိမ္မော်ကျွန်း)တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးအောင်တို့က ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

တွံတေး ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာ၊ ခတ္ထိယတိုက်နယ် ဆေးရုံဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀  နာရီတွင် အဆိုပါဆေးရုံ၌ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ၏ မူးယစ်ဆေးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ရုံး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2020

ဆောင်းရာသီကာလအတွင်းတွင် အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်ပွားခြင်း၊ လေပြွန်ရောင်ရမ်း ခြင်း၊ ဓာတ်မတည့်မှုကြောင့် နှာရည် ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနှင့် အဆုတ်ရောင် ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ ရှိပါသည်။

▲ ရောဂါလက္ခဏာများ▲

အဓိကဖြစ်ပွားတတ်သော ရောဂါလက္ခဏာများမှာ -

        - ဖျားခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချမ်းတုံခြင်း၊ ကိုယ်လက် ကိုက်ခဲနာကျင်ခြင်းတို့ဖြစ်ကြပါသည်။

▲  ရောဂါကူးစက်ပုံ▲

ဆက်လက်ဖတ်ရှုရန်