Skip to main content

Feb 08, 2020

မုံရွာ  ဖေဖော်ဝါရီ  ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန်   ဖေဖော်ဝါရီ   ၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပ သော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းရှိ ဗက်လင်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၇

အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့သည် ယမန်နေ့နံနက်ပိုင်းတွင် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပသည့် ဧရိယာရှိ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယာယီဧည့်ခန်းဆောင်၌ တွေ့ဆုံကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

လွိုင်ကော်   ဖေဖော်ဝါရီ   ၈

မြန်မာ့တို့၏ (၁၂) လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တပို့တွဲလရာသီ မြန်မာ့ရိုးရာ ထမနဲထိုးပွဲတော်အား  ယမန်နေ့ ညနေ ၃ နာရီက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီတော်မြတ် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) မကြာမီက ပေါ်ထွက်လာသည်။ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ/ပုဂ္ဂလိက ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဓိကပါဝင် ပတ်သက်သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ အားသွန်ခွန်စိုက် ပူးပေါင်းကြိုးပမ်းကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

(၇-၂-၂၀၂၀ ရက်နေ့၊ ည (၇:၄၅) နာရီ)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၁/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင် ဆက်ကြမည့်  တိုင်းဒေကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြသည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် လွှတ်တော် အဆောက်အအုံ၊ Junction Center နှင့် ကျောက်မျက်ရတနာပြတိုက်တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ  သွားရောက်လေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာလက်ဖရက်နီးရဲခ်အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

(၇-၂-၂၀၂၀ ရက်နေ့၊ ညနေ (၆:၄၀) နာရီ)

(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ သံသယနှင့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့၍ အတည်ပြုစစ်ဆေးခဲ့ရာ ယနေ့ ညနေပိုင်းတွင် အောက်ပါ လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

 

သီပေါ ဖေဖော်ဝါရီ ၇

 

(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့  အခမ်းအနားကို  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များက ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့်ရှမ်းအလံတို့အား အလေးပြုခဲ့ကြပြီး ရှမ်းပြည်နယ်နေ့  အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ သဘာပတိ ဦးစိုင်းသာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

လွိုင်ကော် ဖေဖော်ဝါရီ ၇

လွိုင်ကော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအား ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင်  လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

လွိုင်ကော် ဖေဖော်ဝါရီ ၇

ကယားပြည်နယ်၏ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ကုန်အထိ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)နှင့် ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလျာထားချက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်