Skip to main content

Dec 07, 2022

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲသို့ သွားရောက်၍ ရုံးဝင်းအတွင်းရှိ အဆောက်အအုံများနှင့် ဝန်ထမ်း အိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ခရီးသွားပြည်သူများ သွားလာလှုပ်ရှားရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက YBS ခရီးသည်တင်ယာဉ်များအား မြို့နယ်အနှံ့ပြေးဆွဲပေးလျက်ရှိသကဲ့သို့ မသမာသူလူအုပ်စုများအနေဖြင့်လည်း အဆိုပါ YBS ခရီးသည်တင်ယာဉ်များအား စီးနင်းအသုံးပြုသည့် ခရီးသွားပြည်သူများအားလူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့်ကြည့်စုံစမ်းဖမ်းဆီးခြင်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ရောက်ရှိပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်တင်ဒါ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်က အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများအား အစားအသောက်များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ KMPI Con-sortium Co.,Ltd၊ Insol M&T Co., Ltd တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ROK-ASEAN Joint XR Project: XR Convergence Sports Contents and Experience Center ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၁) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကံမော်ကြီးကျေးရွာ၌ ကျင်းပသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာတို့အတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

သာစည်ဒေသနေပြည်သူများ၏ သောက်သုံးရေနှင့်စိုက်ပျိုးရေ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ရှေးမြန်မာမင်းများလက်ထက်က မြေသားတမံရေလှောင်ကန်အဖြစ် တည်ဆောက်အသုံးပြုခဲ့သည့် နှစ် ၉၀၀ ကျော်သက်တမ်းရှိ ညောင်ရမ်း-မင်းလှကန် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ဒီဇင်ဘာ ၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks (SEACEN) Re-search and Training Centre) နှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်တို့မှကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့၌ ဒီဇင်ဘာ ၅ ရက်တွင် (၅၈) ကြိမ်မြောက်  အရှေ့တောင် အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (58th SEA-CEN Governors' Conference/ High Level Seminar) နှင့် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေး (42nd SEACEN Board of Governors-BOG Meeting) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသော အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၇)၊ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၀၂) သင်တန်းများ၏ သင်တန်းခန်းမများ၌ သင်တန်းအလိုက် ဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလပထမပတ်က သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာသော အကျိုးရလဒ်များကို လက်တွေ့မြင်တွေ့နိုင်ပြီဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကူးလူး ဆက်ဆံမှုများမှသည် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို စတင် ဖော်ဆောင်လာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ခေတ်မီဆေးဝါးအတတ်ပညာများမပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းတို့တွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြု သုံးစွဲခဲ့ကြရသည်။ မြန်မာ့တိုင်းရင်းဆေးသည်လည်း ရှေးနှစ်ထောင်နှင့်ချီသည့် ကာလကပင် ရှိခဲ့ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက် တို့တွင် တစ်စတစ်စခိုင်မြဲအခြေကျလာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် အိန္ဒိယ ဆေးကျမ်းများ၏ ဩဇာလွှမ်းမိုးမှုများရှိခဲ့သလို မြန်မာမင်းများက ပတ်ဝန်းကျင်နိုင်ငံများကို သိမ်းသွင်းရာမှ ဆေးဝါးအတတ် ကျွမ်းကျင်သူများ၊ အရိုးကျိုး အရိုးဆက်ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်လာခဲ့သည်များလည်း ပေါင်းစည်းပါဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်းရှိ မီးရှို့ဖျက်ဆီးပြီး ကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ် ၁၆၀ လုံး ရှိသည့်အနက် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား

ဆက်လက်ဖတ်ရှုရန်