Nov 19, 2022
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ဗိုလ်ချုပ်ဌေးဦး(ငြိမ်း) ပြည်ထောင်စုဝန်ကြီး (ငြိမ်း)-ဒေါ်နီနီ ဝင်းမိသားစုက သက်ကြီးစာပေပညာရှင် ၂၄၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် အလှူငွေကျပ် ၂၄၇ဝဝဝဝ(ယာပုံ)၊ ဒေါက်တာ ထွန်းမောင် (သွားဆရာဝန်) ချမ်းအေး သာစံမြို့နယ်က ငွေကျပ်သုံးသိန်း၊ ဆရာစိုးတင့် (ဧရာဝတီ) မိသားစုက ငွေကျပ် နှစ်သိန်း၊ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း (တက္ကသိုလ် စိုးယဉ်) - စာရေးဆရာမ (မလေးယဉ်) မိသားစုက ငွေကျပ်တစ်သိန်း၊ ဆရာမလေးခင်(တော်ဝင်ပန်း) တောင်ဥက္ကလာပ မြို့နယ်က ငွေကျပ် ၇၉ဝဝဝ၊ ကလောမြို့နယ် စာရေးဆရာအသင်းက ငွေကျပ်ခုနစ်သောင်း။
Nov 19, 2022
မြစ်ကြီးနားမြို့၊ မြဝတီမြို့၊ မှော်ဘီမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 19, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Nov 19, 2022
၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ကျင်းပသည်။
Nov 19, 2022
မြန်မာ - အိန္ဒိယ နားလည်မှုစာချွန်လွှာ(MoU)အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 19, 2022
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Nov 19, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19, 2022
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းပြေပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ မြန်မာ့အသံမှတေးသံရှင်များက နေပြည်တော်ရှိဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
Nov 19, 2022
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လုပ်ငန်းစဉ်(၁)နှင့်အညီ မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်(၅)အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
Nov 19, 2022
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊
Nov 19, 2022
အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
Nov 19, 2022
မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ်များ ဖိတ်ခေါ်ခြင်း
Nov 19, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 19, 2022
အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၆/၂၀၂၂) ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း
Nov 19, 2022
နိုင်ငံတစ်နိုင်ငံတွင် ၎င်းနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလျှင် ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလျှံထုတ်လုပ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အဆင့်အတန်းမှာ မြင့်မားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်း အသေးအမွှားမှအစ ကြီးကြီးမားမားအထိ ၎င်းနိုင်ငံများမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။
Nov 19, 2022
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် ပုဂ္ဂိုလ်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ
Nov 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Nov 18, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၆ / ၂၀၂၂ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် ( ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက် ) ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း
Nov 18, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၅ / ၂၀၂၂ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် ( ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက် ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်