Nov 20, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ် ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံ ဖောက်လုပ် နေမှုလုပ်ငန်းခွင်သို့ရောက်ရှိပြီး ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်နိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများကို မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။
Nov 20, 2022
ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဘရာဇီးလ်နိုင်ငံ သမ္မတရုံး၌ ဘရာဇီးလ် ဖက်ဒရယ်သမ္မတ နိုင်ငံ ဒုတိယသမ္မတ အန်တိုနီယို ဟမျူတို မာချင်းစ် မော်ရိုထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သံအမတ်ကြီးနှင့်အတူ မက္ကဆီကို၊ ဒိန်းမတ်၊ ဖင်လန်၊ နီပေါ၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်နှင့် အိုမန်နိုင်ငံတို့မှ သံအမတ်ကြီးများလည်း ၎င်းတို့၏ ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Nov 20, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲ သို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 20, 2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကကြီးမှူး ကျင်းပသည့် (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
Nov 20, 2022
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ‘ရိုဟင်ဂျာ’ ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်ခဲ့သည်။
Nov 20, 2022
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်ဟု ဖော်ညွှန်းကြသည်။ လွန်စွာလွယ်ကူသလောက် ငွေကုန်ကြေးကျလည်း နည်းလွန်းလှသည့် လမ်းလျှောက်ခြင်းအားဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးရလဒ်အကျိုးကျေးဇူးများမှာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင်ပင် များပြားလှသည်။ သို့ရာတွင် နေ့စဉ်မှန်မှန် မပျက်မကွက် လမ်းလျှောက်ရန်အတွက် မိမိကိုယ်ကို တာဝန်ယူနှိုးဆော်ထားရမည်ဖြစ်သည်။
Nov 19, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက်လေ့လာကြသည်။
Nov 19, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ တွင်အခြေပြု၍ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 19, 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ် (၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထားသော Ye Min Aung Money Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးမှသေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသားတစ်ဦးမှ ဓားမြှောင်တစ်လက်ကိုင် ဆောင်ခြိမ်းခြောက်၍ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးအား ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဓားပြတိုက်မှုအား တရားခံ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးမှ ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရှိပြီး အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဓားပြတိုက်မှုကျူးလွန်သူ တရားခံများအား မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင် ရေးဆောင်ရွက်ခဲ့သည်။
Nov 19, 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၆ လမ်းထိပ်၊ အမှတ် (၇၁၈/၇၂၀) ရှိ “သစ္စာ” ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း (ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ရှိနေစဉ် Mask အနက်ရောင်များ ဝတ်ဆင်ထားသော အသက် (၃၀) နှစ်ခန့်ရှိ အမျိုးသား ၃ ဦးမှ ဓားမြှောင်များကိုင်ဆောင် ဝင်ရောက်လာကာ ဦးမောင်မောင်ထွန်းနှင့် ဦးမြင့်ကြည်တို့အား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်ပြီး ဦးမောင်မောင်ထွန်းပိုင် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀၊ ဦးမြင့်ကြည်ပိုင် YGN 4H 6543 Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone ၂ လုံး တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် လုယက်မှုကျူးလွန်သူ တရားခံများအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် (ပ) ၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Nov 19, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 19, 2022
မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး၊ ရုရှားခရီးသွား ဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒုတိယအကြိမ်တွေ့ဆုံသည်။
Nov 19, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးမြို့၌ (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပရာ အဆိုပါ ဖိုရမ်ကျင်းပရေးအမှုဆောင်ဥက္ကဋ္ဌ Prof. Hongbing Liao က နှုတ်ခွန်းဆက်စကားပြောကြား၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားသည်။
Nov 19, 2022
စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာလ၌ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ် သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 19, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊