Nov 26, 2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
Nov 26, 2022
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 26, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ပြုလုပ်သည်။
Nov 26, 2022
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံ ကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
Nov 26, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ သစ္စာရှိစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီးရှိ အရာထမ်း၊ အမှုထမ်းများကို အသိအမှတ်ပြုသောအားဖြင့် မိသားစုမိတ်ဆုံ နေ့လယ်စာ စားပွဲကိုပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
Nov 26, 2022
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 26, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc)နှင့် အဆင့်မြင့်အရာရှိကြီးများသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
Nov 26, 2022
“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဟူသည့်ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အားပေးသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် ပြောကြားခဲ့သည်။
Nov 26, 2022
နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်က ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကိုလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိကြသည်။ ယခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ဟူ၍ ဖြစ်သည်။
Nov 25, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Nov 25, 2022
၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေး၍ ဆုများပေးအပ်ချီးမြှင့်သည်။
Nov 25, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၁-၂၀၂၂) ရက်နေ့၊ ည(၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၈၈၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၉)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၈) ရာခိုင်နှုန်းရှိပါသည်။
Nov 25, 2022
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယက မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်သည်။
Nov 25, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ထောက်ပံ့ရေးဆိုင်ရာ ကွင်းဆက်များကို စနစ်တကျချိတ်ဆက်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်း၌ ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သော ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်သည်။
Nov 25, 2022
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက်စာရင်းစစ်မှူးများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Nov 25, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌ ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘော ဒီးယားနိုင်ငံမှ လေကြောင်းခရီး ဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။
Nov 25, 2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Nov 25, 2022
နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ၊ သစ္စာရှိစွာဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် နွေးနွေးထွေးထွေးဆက်ဆံခြင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိသည်ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ဝန်ထမ်းများ၏ နေ့လယ်စာစားပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 25, 2022
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။