Nov 29, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
Nov 29, 2022
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်းသည့် ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင် လိုင်းတန်ဆောင်း LED Screen Board တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်၌ ကျင်းပသည်။
Nov 29, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့သည်။
Nov 29, 2022
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Nov 29, 2022
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ (တတိယနေ့) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။
Nov 29, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် (၃) လ သင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
Nov 29, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်း ငှက်မျိုးစိတ်အဖြစ်မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့်
Nov 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr.Fumio USUI နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
Nov 29, 2022
ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များသည် ကမ္ဘာ့နိုင်ငံအချို့တွင် ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးဘဲ လူတို့၏ကျန်းမာရေးသတိမမူပြုမူနေထိုင်မှုနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လှိုင်းအမျိုးမျိုးကို ကာကွယ်ကုသဖြတ်ကျော်လာနိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ကာလများတွင် ရောဂါကူးစက်မှုများ ပြန်လည်မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။
Nov 29, 2022
သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍ၌ပါဝင်ပြီး အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ကိုဗစ် - ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရသည့်အတွက် ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများရှိခဲ့သလို ယင်းလုပ်ငန်းတွင်မှီခို၍ သက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြရသူများစွာတို့လည်း စားဝတ်နေရေး ခက်ခဲခဲ့ကြရသည်။ ယခုအခါ ကိုဗစ် - ၁၉ ကူးစက်မှု ပြည်တွင်း၌ လျော့နည်းကျဆင်းနေပြီး ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာခြင်းနှင့်အတူ အလားအလာကောင်းတို့လည်း မျှော်လင့်၍ရနိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။
Nov 28, 2022
KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
Nov 28, 2022
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
Nov 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Nov 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား နယ်မြေခံတပ်၊ သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Nov 28, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၆၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၈) ရာခိုင်နှုန်း ရှိပါသည်။
Nov 28, 2022
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 28, 2022
တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရန် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက်ခြင်းနှင့်အတူ စိတ်ဝင်စားလုပ်ကိုင်လိုသည့် မွေးမြူရေးတောင်သူများ ကိုလည်း လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စောင့်ကြည့်လေ့လာကြရန်လို ကြောင်း နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေးဇုန်ရှိ မွေးမြူရေး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Nov 28, 2022
နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ နိုင်ငံနှင့်ပြည်သူအတွက် ကြိုးစားပေးမှုကို ဂုဏ်ပြုသောအားဖြင့် အသက် ၆၀ ပြည့်မြောက်ချိန်မှစပြီး အသက်ရှင်နေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ကြေးများ ထောက်ပံ့ပေးလျက်ရှိရာ ယခုဆိုလျှင် ၂၂၃ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၄၄ သိန်း လစဉ်ချီးမြှင့်ပေးနေပြီဖြစ်ကြောင်းနှင့် ထပ်မံ၍ အသက် ၆၀ ပြည့်ပြီးသူများကို ခံစားခွင့် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားသည်။
Nov 28, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။