Dec 20, 2022
ရေရှည်ကောင်းမွန်မျှတသည့် စီးပွားရေးတိုးတက်မှု ဖော်ဆောင်ခြင်းကို အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင်စီးပွားရေးဟုဆိုကြသည်။ အစိမ်းရောင် စီးပွားရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာမည့်ပုံစံဖြစ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်နိုင်မည့် အခွင့်အလမ်းကောင်း များစွာရှိနေသည်။ ထို့ကြောင့် အစိမ်းရောင်စီးပွားရေး လမ်းကြောင်းများကို ရွေးချယ်ကြရမည်ဖြစ်သည်။
Dec 20, 2022
ပန်းဆိုးတန်း - ဒလ ကူးတို့ရေယာဉ် ချယ်ရီ (၂)ကို PDF အကြမ်းဖက်တို့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ ခရီးသွား ၁၇ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်က အကြမ်းဖက်သမားတို့၏ ရက်စက်ယုတ်မာမှုနှင့် အသိဉာဏ် နိမ့်ကျမှုတို့ကို နောက်ထပ် သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ပြည်တွင်းရေကြောင်းပိုင် အဆိုပါ ကူးတို့ရေယာဉ်များသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် နေထိုင်ကြသော ပြည်သူလူထု နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာကြရာတွင် အဓိကမှီခို အားထားကြရသော ရေယာဉ်များဖြစ်သည်။ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း အစရှိသည့် ဒေသများမှ ပြည်သူများ၊ ရုံးသူ ရုံးသား ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ဈေးရောင်း ဈေးဝယ်၊ ခေါင်းရွက် ဗျပ်ထိုးများ၊ ရဟန်းရှင်လူ ခရီးသည်များနှင့် ပြည့်နှက်နေလေ့ရှိသည့် ရေယာဉ်ကို လက်လုပ်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်သူတို့၏ တော်လှန်ရေးအတွေးအခေါ်မှာ အံ့ဩဖွယ်ရာဟုပင် ဆိုရမည် ဖြစ်သည်။
Dec 19, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 19, 2022
ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။
Dec 19, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။
Dec 19, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။
Dec 19, 2022
NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်း၊ သံဃာတော်များ၊ အစိုးရ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများ၊ ခရီးသွားမော်တော်ယာဉ်/ရေယာဉ်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Dec 19, 2022
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့် ရေးကွင်း အမှတ်(၁)နှင့် (၃)တို့၌ ကျင်းပရာ ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျန်းမာရေးဝန်ကြီး ဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
Dec 19, 2022
အမျိုးသားကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် “ Blooming Fantasy 2022” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဥယျာဉ်သို့ လာရောက် အပန်းဖြေကြသည့် ဧည့်ပရိသတ်များ တက် ရောက်ကြသည်။
Dec 19, 2022
နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့် ကုမ္ပဏီ၏မတည်ငွေတို့ဖြင့် ၂၀၂၃ ခုနှစ် အကျိုးတူလယ်ယာ နွေစပါးရာသီ ဖွင့်ပွဲ၊ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ ထူးချွန်တောင်သူ ဆုချီးမြှင့်ခြင်းနှင့် GW-11 မျိုးစပါးနှင့် စိမ်းအော်ဂဲနစ်ကွန် ပေါင်းမြေဩဇာ အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်ရှိ ယွန်လျှံ လယ်ယာ အထောက်အကူပြု စခန်း၌ ကျင်းပသည်။
Dec 19, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ
Dec 19, 2022
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသ ကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း၌ ဆက်လက်ကျင်းပသည်။
Dec 19, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 19, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့သည် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများကို နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းစောင့်ရှောက်ကြပြီး မရှိအတူရှိအတူ အေးအတူပူအမျှ စုပေါင်းနေထိုင်ခဲ့ကြသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများရှိခဲ့ပြီး ရှေးပဝေသဏီကာလကပင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့ အလယ်တွင် လွတ်လပ်ဝင့်ထည်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တင့်တယ်စွာ ရပ်တည်ခဲ့ကြသည်။
Dec 19, 2022
လောကအကြောင်း အလုံးစုံသိမြင်နိုင်ရန်မှာ ဘုရားမှတစ်ပါးလူသားတို့အဖို့ ဖြစ်နိုင်သည်မဟုတ်။ သို့စေကာမူလူဟူ၍ ဖြစ်လာသည်နှင့် လောကအလယ် အမြင်ကျယ်ကျယ်နှင့် သိနိုင်သမျှသိရစေရန် လေ့လာဆည်းပူး အားထုတ်ကြိုးပမ်းကြရသည်။ အနည်းဆုံးအားဖြင့် ကျောင်းသို့သွား၍ ပညာသင်ကြရသည်။ စင်စစ်ကျောင်းသင်ပညာသည် ဘာသာရပ်အလိုက် တတ်မြောက်ထူးချွန်စေရန်၊ အသုံးချနိုင်စေရန်အတွက်သာဖြစ်ပြီး ကျောင်းသင်ပညာ၏ ပြင်ပမှဖြစ်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိမြင်နိုင်ရန်အတွက်မှာမူ စာဖတ်ခြင်းနည်းလမ်းကသာ အလွယ်ကူဆုံးဖြစ်သည်။
Dec 18, 2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။
Dec 18, 2022
NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်း၊ သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများပျက်ပြားစေရန် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။
Dec 18, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၁၂-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၇၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၄)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းရှိပါသည်။