Mar 31, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Mar 31, 2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်း ပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းကို ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးနင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီးလေးဦးဒဏ်ရာ ရရှိခဲ့သည်။
Mar 31, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 31, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေး ခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၉၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။
Mar 31, 2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယနေ့ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ လေ့ကျင့်ရေးကွင်း ကွင်းအမှတ်(၃)တွင် အုပ်စု(၂) ကွန်ပျူတာ တက္ကသိုလ် (အောက်မြန်မာပြည်) အသင်း(ခ) ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ သထုံ)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ် (တောင်ငူ၊ ပြည်၊ ဘားအံ၊ လွိုင်ကော်)တို့ ယှဉ်ပြိုင်ကစားကြရာ ယင်းပွဲစဉ်တွင် အသင်း(ခ)မှ အသင်း(ဂ)ကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
Mar 31, 2023
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် အိုးပြင်မဲ-အိုင်းမ ကျေးရွာချင်းဆက်သွယ် သောလမ်းပေါ်ရှိ မန်းချောင်းရေနိမ့်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Mar 31, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network မှ Pre-sident , Mr. Vadim Titov ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2023
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသစ်ခန့်အပ်ခဲ့သည့် ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂)ဝန်ထမ်းများကို အဆိုပါဦးစီးဌာန၌ တွေ့ဆုံပြီးအမှာစကားပြောကြားသည်။
Mar 31, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးမစ္စတာ ဂျေအမ်ပရီယန်သာ ဘန်ဒါရာကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2023
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်၌ ကျင်းပသည်။
Mar 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom International Network, ROSATOM တို့အကြား ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2023
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ (၅)ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (5th Executive Committee Meeting) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည်။
Mar 31, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီနှင့်ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2023
၁။ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက်နေ့သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ဖြစ်ပါသည်။
Mar 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်တော်ကြီးအတွင်းသို့ ရေများ ပြန်လည်ဖြည့်တင်း ရေးဆောင်ရွက်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 31, 2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိကြရာလေဆိပ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာအကအလှများဖြင့် လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 31, 2023
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားသွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်လာချိန်မှစ၍ နိုင်ငံ၏စီးပွားရေး တဖြည်းဖြည်းကျဆင်းခဲ့ရာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (Gross Domestic Product-GDP)မှာ အနုတ်လက္ခဏာပြသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ပြည်တွင်းကုန် ထုတ်လုပ်မှုကဏ္ဍကို အားမပေးဘဲ ကုန်သွယ်ရောင်းဝယ်မှု ကဏ္ဍကိုသာ ပိုမိုလုပ်ကိုင်ခဲ့ကြခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှုအများအပြားဖြစ်ပေါ်ခဲ့သလို ဂျီဒီပီအနေဖြင့်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။
Mar 31, 2023
တရားမဝင်ကုန်သွယ်မှုများက နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု ကြီးမားလှသည့်အတွက် ထိထိရောက်ရောက် တားဆီး တိုက်ဖျက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး” သည် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားပြုနေသည့် တရားမဝင်ကုန်သွယ်မှုများကို မဖြစ်မနေတားဆီးနှိမ်နင်း သွားကြရန်ပင်ဖြစ်သည်။
Mar 30, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိင်းအစည်းအဝေးတက်ရောက်